သင်္ကြန်ကာလအတွင်း အပူလျှပ်လူနာများအတွက် ရန်ကုန်ဆေးရုံကြီး၌ ပြင်ဆင်ထား

သင်္ကြန်ကာလအတွင်း အပူလျှပ်လူနာများအတွက် ရန်ကုန်ဆေးရုံကြီး၌ ပြင်ဆင်ထား
ဓာတ်ပုံ - ဟိန်းထက်

ရန်ကုန်၊မတ်၂၅။            ။ ယခုနှစ်သင်္ကြန်တွင် အပူလျှပ်လူနာများအတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် အရေးပေါ်ဌာန၌ အခန်းတစ်ခန်းကို ပြင်ဆင်ပေးထားမည်ဟု သိရသည်။

"ထူးထူးခြားခြားကတော့ ဒီနှစ်က ရာသီဥတုအနေနဲ့ပေါ့နော် နှစ်တိုင်းလည်း ဧပြီဆိုလို့ရှိရင် ပူတာပါပဲ မိုးလေဝသကတော့ ဒီနှစ်က အပူချိန် ပိုမြင့်မယ်လို့လည်း ပြောထားတဲ့ အတွက်ကြောင့်မိုလို့ အစ်မတို့က အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ရောဂါတွေအတွက် ကုသဖို့တော့ ကြိုတင်ပြင်ထားတာ ရှိတယ် အထူးသဖြင့် Heat Stoke (အပူလျှပ်ခြင်း)ပေါ့နော်"ဟု ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

အပူလျှပ်လူနာများအတွက် ထားရှိပေးထားသော အခန်းမှာ ကုတင် ၄ ခုတင်ဆံ့အခန်းဖြစ်ပြီး လူနာများလာပါက ၆ ခုတင်ထိ တိုးမြှင့် ထားရှိပေးသွားမည် ဖြစ်သည်။ Heat Stoke (အပူလျှပ်ခြင်း)က အဓိကအားဖြင့် လူနာကို အေးအောင် ထားရှိပေးရန် လိုအပ်သောကြောင့် ကုသမည့်အခန်းတွင် အဲကွန်း၂ လုံးနှင့် ပန်ကာ ၄ လုံးတပ်ဆင်ပေးထားသည်။ သင်္ကြန်ကာလတွင် အပူလျှပ်နိုင်သောကြောင့် ယခုကဲ့သို့ အပူလျှပ်လူနာများအတွက် သီးသန့် ပြင်ဆင်ပေးထားပြီး နှစ်စဉ်လည်း ပြင်ဆင်ပေးထား သည်။

ယခုနှစ်နွေရာသီအတွက် အပူဒဏ်ဂရုပြုကြရန် မိုးလေဝသနှင့် ဇလဗေဒဌာနမှ ထုတ်ပြန်ထားပြီး အပူချိန်မြင့်မားမည်ဟု နှိုးဆော်ထားသည်။

အပူလျှပ်​ခြင်​းသည်​ နေပူထဲမှ အအေးထဲကိုရုတ်ချည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းမှနေ ရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကို ထွက်ခြင်း စတာ​တွေကြောင့် လူ့ခန္ဓာကိုယ်တွင်​ အပူအအေးရုတ်တရက် ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ပြီး အပူလျှပ်​ခြင်​း ဖြစ်​ပေါ်တတ်သည်​။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယခုနှစ် သင်္ကြန်ကာလအတွက် ဝန်ထမ်းအင်အား တိုးနှစ်ဆတိုး ထားရှိခြင်း၊ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ဆောင်ရွက်ခြင်း နှင့် အပူလျှပ်လူနာများအတွက် ပြင်ဆင်ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly