ကွန်တီအား ဆက်ထိန်းရန် နေမာကို ချယ်လ်ဆီး ခေါ်မည်

ကွန်တီအား ဆက်ထိန်းရန် နေမာကို ချယ်လ်ဆီး ခေါ်မည်

လန်ဒန်၊ မတ် ၂၅   ။             ။ ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏နည်းပြကွန်တီကို ဆက်ထိန်းနိုင်ရန်အတွက် ဘာစီလိုနာတိုက်စစ်မှူးနေမာကို ခေါ်ယူရန် စီစဉ်လျက်ရှိသည်။

အင်တာမီလန်အသင်းသည် ကွန်တီအား တစ်နှစ်လုပ်ခပေါင် ၁၃ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

ချယ်လ်ဆီးပိုင်ရှင်အေဘရာမိုဗစ်သည် နည်းပြကွန်တီကို သဘောကျနေရာ နေမာကို ခေါ်ယူပေးပြီး အသင်းတွင် ဆက်ထိန်းရန် စီစဉ်နေခြင်း ဖြစ်သည်။

နေမာကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် တစ်နေ့နေ့တွင် ပရီးမီးယားလိဂ်တွင် လာရောက်ကစားလိုကြောင်း ပြောဆိုထားသည်။

နေမာသည် လက်ရှိတွင် ဘာစီလိုနာနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပြီး ၎င်းကို ခေါ်ယူလိုပါက ပေါင် သန်း၁၇၀ လျော်ကြေးပေးရမည် ဖြစ်သည်။

နည်းပြကွန်တီမှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်သည့်ပထမဆုံးရာသီမှာပင် ပရီးမီးယားလိဂ်ဖလားကို ရရှိရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

ရည်ညွှန်း - မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly