သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား နှစ်ဆ တိုးမြှင့်

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား နှစ်ဆ တိုးမြှင့်

ရန်ကုန် မတ်၂၄ ။              ။ မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား နှစ်ဆ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက မဇ္ဈိမသို့ မတ်လ ၂၄ ရက်တွင် ပြောသည်။

"တာဝန်ချထားတဲ့ လူတွေအနေနဲ့ကတော့ ပုံမှန်ဆိုရင်တော့ EM မှာဆိုရင် ဘယ်လောက်ရှိလဲဆိုရင် ဆရာဝန်က Team Leader ခေါင်းဆောင်တစ်ယောက်နဲ့ ရိုးရိုးဆရာဝန်အပါဝင်   ကျောင်းသူရော   ကျောင်းသားရော ၁၈ယောက်လောက်ရှိတယ်။ အနည်းဆုံး Day ရော၊ Night ရောပေါ့။ တစ်ချို့ကလည်း သက်သက်ဆင်းကြတာရှိတယ်။ ၁၀ယောက်ကျော် ၁၆ယောက်လောက်ရှိတယ်။ EM မှာ ခွဲစိပ်မှာဆိုရင်လည်း ၁၈ယောက်လောက်ရှိတယ်။ အဲ့ဒီအရေးပေါ်မှာတင် လူနာဆောင်တွေ မပါဘူးပေါ့။ အဲ့ဒီအောက်ထပ်မှာ သမားတော်ဆိုရင် ၈ယောက်ရှိတယ်။ AS တွေရော ဟောက်ဆာဂျင်တွေရော။ အဲ့တာ သင်္ကြန်ကျရင် နှစ်ဆ နှစ်ဆ တိုးသွားတာပေါ့နော်။ ပြီးတော့ အရိုးဆိုရင်လည်း ၁၀ ယောက်လောက်ရှိတယ်” ဟု ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။

၀န်ထမ်းများအား ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အရေးပေါ်ဌာန၊ အရိုးအထူးကု၊ ခွဲစိတ်ဆောင်၊ ဖျားနာဆောင်များ အတွက် ကြိုတင်ပြီး တာဝန်ချပေးရန် စီစဉ်ထားသည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်ဆေးရုံကြီးမှ လူနာတင်ယာဉ်များကို အာရုံကြောဆေးရုံ၊ အရိုးဆေးရုံတို့ကဲ့သို့သော အခြားသောဌာနများကို လူနာများ လွှဲပြောင်းကုသပေးရာ၌ အဓိက အသုံးပြုသွားမည်ဖြစ်သည်။

နေ့ဘက်တွင်  ၁၀ ယောက်၊ ညဘက်တွင် ၁၀ ယောက် ဂျူတီချထားမည်ဖြစ်ပြီး ယခင်ထက် ၂ဆ ပိုမိုချထားခြင်းဖြစ်သည်ဟု သိရသည်။

သင်္ကြန်ကာလအတွင်း ဆေးရုံကြီးကို ရောက်လာသည့် လူနာများထဲ၌ ယာဉ်တိုက်မှုကြောင့် ရောက်ရှိလာသော လူနာများက အများဆုံးဖြစ်ပြီး ခိုက်ရန်ဖြစ်ပွား၍ ရောက်လာသော လူနာများနှင့် ပြုတ်ကျချော်လဲ၍ ရောက်လာသော လူနာများလည်း ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က သင်္ကြန်အတွင်း ယာဉ်မတော်တဆလူနာပေါင်း ၃၄၀ ကျော်ရှိခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသော လူနာစုစုပေါင်း ၁၇၀ ကျော် ရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly