အာရှဒေသဆီကိုပါ ကူးစက်ပြန့်နှံ့လာနေတဲ့ ရေအောက် ဟော်ကီကစားနည်း

အာရှဒေသဆီကိုပါ ကူးစက်ပြန့်နှံ့လာနေတဲ့ ရေအောက် ဟော်ကီကစားနည်း

မတ် ၂၄ ။             ။ ရေခဲပြင်ဟော်ကီ၊ NHL ဟော်ကီ အားကစားပွဲတွေနဲ့မတူဘဲ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို အံတုပြီး ကစားရတဲ့ ရေအောက်ဟော်ကီ အားကစားနည်း UWH ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်စိတ်ဝင်စားမှု အများအပြား ရရှိထားတဲ့ ကစားနည်းတစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်လောက်က ဗြိတိန်တို့ စတင်တီထွင်ခဲ့တဲ့ ယင်းကစားနည်းမှာတော့ ပါ၀င်ကစားမယ့်သူတွေဟာ ပလက်စတစ် ဒိုးပြားတစ်ခုကို တုတ်တံတို တစ်ခုနဲ့ ၀ုိင်းလုပြီးတော့ ဆန့်ကျင်ဘက် ဂိုးပေါက်ကို ၀င်အောင်သွင်းရတာပဲဖြစ်ပါတယ်။ တစ်သင်းကို ဆယ်ယောက်နဲ့ ဖွဲ့စည်းနိုင်ပြီး ကစားချိန်မှာတော့ တစ်ဘက် ခြောက်ယောက်စီနဲ့ ကစားကြရတာဖြစ်ပါတယ်။

ဒါပေမယ့် ရေအောက်မှာ ကစားရတဲ့ကစားနည်းဖြစ်တာကြောင့် ပါ၀င်ယှဉ်ပြိုင်မယ့်သူတွေဟာ ရေအောက်အသက်ရှုပိုက်၊ ရေယက်၊ နားအကာအကွယ်ပစ္စည်းနဲ့ လက်အိတ် တွေကို ၀တ်ဆင်ဖို့ လိုပါတယ်။ သူတို့တွေဟာ ရေအောက်မှာပဲ ဒိုးပြားကို ဒိုင်ဗင်ထိုး လိုက်လု တစ်ဘက်ဂိုးပေါက် ကို ၀င်အောင်သွင်းကြရတာဖြစ်ပါတယ်။

ယင်းအားကစားနည်းဟာ ကနေဒါ၊ သြစတြေးလျ နဲ့ တောင်အာဖရိကတို့မှာ ပရိသတ်အခိုင်အမာ တည်ဆောက်ရရှိထားပြီးဖြစ်သလို ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာလည်း တရုတ်နဲ့ မလေးရှားတို့အပါအဝင် အာရှဒေသထိပါ ကူးစက်ပြန့်နှံ့လာခဲ့ပြီဖြစ်ပါတယ်။

ယခုဖော်ပြပါ ဗီဒီယိုထဲမှာလည်း အာရှဒေသက ဟောင်ကောင်ဒေသမှာ ယင်းကစားနည်းကို စတင်ကစားနေကြပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly