ဘိုင်ယန်မြူးနစ်မှ ကိုမန်းကို မန်ချက်စတာစီးတီးအသင်းပစ်မှတ်ထားနေ

ဘိုင်ယန်မြူးနစ်မှ ကိုမန်းကို မန်ချက်စတာစီးတီးအသင်းပစ်မှတ်ထားနေ

မတ် ၂၄၊ မန်ချက်စတာ။            ။ နွေရာသီတွင် ပေါင်သန်း ၂၀၀ သုံးစွဲရန် စီစဉ်နေသည့် မန်ချက်စတာစီးတီးအသင်းသည် ပြင်သစ်လူငယ် တောင်ပံကစားသမား ကင်စလေ ကိုမန်းကို ပစ်မှတ်ထားနေသည်။

မန်စီးတီးနည်းပြဂွာဒီယိုလာသည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီ အစက ကိုမန်းကို ဂျူဗင်တပ်မှ ဘိုင်ယန်မြူးနစ်အသင်းထံ ကာလရှည်အငှားဖြင့်ခေါ်ယူခဲ့ပြီး ယခုအခါယင်းအသက် ၂၀ အရွယ်ကစားသမားနှင့် ပြန်လည်ပူးပေါင်းလိုနေခြင်း ဖြစ်သည်။

ဘိုင်ယန်အသင်းအနေဖြင့် ကိုမန်းကိုအပြီးသတ်ခေါ်ယူခွင့်ရှိသော်လည်း ဂွာဒီယိုလာနေရာတွင်ဆက်ခံသည့် အန်ဆလော့တီက ပြောင်းရွှေ့ကြေးမှာ အတားအဆီးဖြစ်နိုင်သည်ဟု ပြောဆိုထားသည်။

ယင်းကြောင့် မန်စီးတီးအသင်းအတွက် အခွင့်အလမ်းပေါ်လာပြီး ကိုမန်းကိုပေါင်သန်း ၄၀ ဝန်းကျင်သုံးစွဲခေါ်ယူရန် အဆင်သင့် ဖြစ်နေသည်ဟု ပြင်သစ်တွင်သတင်းများထွက်နေသည်။

ကိုမန်းသည် ဂျူဗင်တပ်သို့ပြန်ရန်စိတ်မဝင်စားဘဲ ဘိုင်ယန်တွင်အနားယူရန်နီးစပ်လာသည့် အသက် ၃၃ နှစ်အရွယ် ရော်ဘင်နှင့် ရီဘာရီတို့၏နေရာကိုရယူရန် ဂျာမန်ထိပ်သီးအသင်းနှင့်အပြီးသတ်စာချုပ်နိုင်ရန် မျှော်လင့်နေသည်။

ဂွာဒီယိုလာအနေဖြင့် အသင်းတွင်ရှိနှင့်ပြီးဖြစ်သော လူငယ်များဖြစ်သည့် လီရွိုင်းဆိန်း၊ စတာလင်း၊ ဂျီးဆပ်စ်တို့နှင့် ကိုမန်းကို ထပ်ပေါင်းကာ ဥရောပတွင်စိတ်လှုပ်ရှားစရာအကောင်းဆုံးတိုက်စစ်အဖြစ် ဖန်တီးချင်နေသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly