ပြည်​မြို့ HIGH POWER ဆန်​စက်​ဝန်​းအတွင်​း မီး​လောင်​

ပြည်​မြို့ HIGH POWER ဆန်​စက်​ဝန်​းအတွင်​း မီး​လောင်​
ဓါတ်ပုံ-ပြည့်သဲမောင် 

ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့ နဝ​ဒေး ရပ်​ကွက်​ စက်​မှုဇုန်​ (၂)ရှိ HIGH POWER ဆန်​စက်​ဝန်​းအတွင်​း မတ်​လ ၂၃ ရက်​​ ည ၉ နာရီ ၄၀ မိနစ်​တွင်​ မီး​လောင်​ကျွမ်​းမှု ဖြစ်​ပွားခဲ့သည်​။

"ကျ​နော်​တို့ ပြည်​တစ်​မြို့လုံးက မီးသတ်​​တွေသွားငြိှမ်​းပါတယ်​။ နည်​းနည်​း​လေး​လောင်​တာပါ"ဟု မီးသတ်​တပ်​ဖွဲ့ဝင်​တစ်​ဦးက ​ပြောသည်​။

ဆန်​စက်​ဝန်​းအတွင်​း တပ်​ဆင်​အသုံးပြုလျှက်​ရှိ​သော ထရန်​စ​ဖော်​မာ ​ပေါက်​ကွဲမှု ဖြစ်​ရာမှ 
သွယ်​တန်​းထား​သော လျှပ်​စစ်​မီးခုံ ဝါယာ​ရှော့ဖြစ်​၍ မီးလောင်​ကျွမ်​းခဲ့သည်​ဟု မီးသတ်​ဌာနမှသတင်​းထုတ်​ပြန်​သည်​။

မီး​လောင်​သည်​့နေရာသို့ မီးသတ်​ကား ၁၄ စီး၊ မီးသတ်​တပ်​ဖွဲ့ ဝင်​ ၈၀ ​ကျော်​၊ ရဲ ၁၀ ဦး၊ ပြည်​သူ ၂၀၀ ခန်​့ လာ​ရောက်​ ငြိှမ်​းသတ်​ခဲ့ရသည်​။

မီး​လောင်​မှုကြောင်​့ ​တန်​ဘိုး​ငွေကျပ်​ တစ်​​သောင်​းသာ ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ဆိုထားပြီး ဒဏ်ရာရသူမရှိဟု ထုတ်ပြန်ထားသည်။ 

မီး​လောင်​မှုဂနှင်​့ပတ်​သက်​ပြီး HIGH POWER ဆန်​စက်​ ည​စောင်​့ ဦး​ကျော်​ငြိမ်​းကို ပြည်​မြို့ မြို့မရဲစခန်​းတွင်​ ပြစ်​မှု အမှတ်​ ပ-၅၉/၂၀၁၇ ၊ ပုဒ်​မ ၂၈၅ ဖြင်​့ အမှုဖွင်​့ အ​ရေးယူထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly