လွှတ်တော်အနီး တိုက်ခိုက်သူက ဘာသာရေးအစွန်းရောက် တစ်ဦးဖြစ်ပြီး ပြည်တွင်းလုံခြံုရေးက စောင့်ကြည့်ခဲ့ရသူဖြစ်ဟု ထရီဆာမေ ပြော

လွှတ်တော်အနီး တိုက်ခိုက်သူက ဘာသာရေးအစွန်းရောက် တစ်ဦးဖြစ်ပြီး ပြည်တွင်းလုံခြံုရေးက စောင့်ကြည့်ခဲ့ရသူဖြစ်ဟု ထရီဆာမေ ပြော

လန်ဒန်၊ မတ် ၂၃ ။          ။ ဗြိတိန်လွှတ်တော်အနီး တိုက်ခိုက်မှု ကျုးလွန်ခဲ့သူသည် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ကာ ဘာသာရေးအစွန်းရောက်တစ်ဦးဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက မတ် ၂၃ ရက်တွင် ပြောသည်။

တိုက်ခိုက်သူက တစ်ကိုယ်တော် ကျုးလွန်ခြင်းဖြစ်ဖွယ်လည်း ရှိကာ ၎င်းကို ပြည်တွင်းလုံခြံုရေး MI5 က နှစ်အတန်ကြာ စောင့်ကြည့်ခဲ့ရသူတစ်ဦးဖြစ်ကြောင်း အောက်လွှတ်တော် မိန့်ခွန်း၌ ထရီဆာမေက ပြောခဲ့သည်။

“သူကို အကြမ်းဖက်အစွန်းရောက်မှုနဲ့ ပတ်သက်ပြီး အဆက်အသွယ် ရှိသူလားလို့ တစ်ကြိမ်ထောက်လှမ်းခဲ့ဖူးတယ်။ သူက ကိုင်းဖျားကိုင်းနားပဲဖြစ်တယ်။ အဓိကပုဂ္ဂိုလ် မဟုတ်ခဲ့ဘူး။ ခုဖြစ်ရပ်က သမိုင်းတစ်ရပ်ပါပဲ။”ဟု ထရီဆာမေက ပြောသည်။

မတ် ၂၂ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၁၄ နာရီ မိနစ် ၄၀ က လွှတ်တော်အနီး ဝတ်စ်မင်စတာတံတားပေါ်ရှိ ပလက်ဖောင်းတစ်လျှောက် ယင်းတိုက်ခိုက်သူက ကားဖြင့် လိုက်လံဝင်တိုက်ခြင်းဖြစ်ရာ အနည်းဆုံးလူနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

ကားက လွှတ်တော်အပြင်ဖက် အရံအတားများနှင့် ၀င်တိုက်ကာ ထိုးရပ်ရာ ၎င်းတိုက်ခိုက်သူက ကားပေါ်မှ ဓားကိုင်လျက် ဆင်းလာပြီး လွှတ်တော်အတွင်း ပြေးဝင်ခဲ့သည်။ ယင်းတွင် လက်နက်မရှိသည့် ရဲတစ်ဦးနှင့် ထိပ်တိုက်တွေ့ပြီး ၎င်းက အဆိုပါ ရဲကိုလည်း ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတိုက်ခိုက်သူကို လက်နက်ရှိထားကြသည့် အခြားရဲများက ပစ်သတ်လိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly