သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများအတွက် တောင်သူများအား ထောက်ပံ့ကြေးပေး

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများအတွက် တောင်သူများအား ထောက်ပံ့ကြေးပေး

မင်းဘူး၊ မတ်လ ၂၃ ။           ။ ၂၀၁၆ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးခဲ့မှုအပေါ် မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် ထောက်ပံကြေးငွေ (၁၅၂၀၂၀၀၀၀)ကျပ် ပေးအပ်ပွဲအား ယနေ့ မတ်လ၂၃ ရက် ၊ မွန်းလွဲပိုင်း ၂ နာရီခန့်က မင်းဘူး/စကု မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး/စကုမြို့နယ်အတွင်း ၂၀၁၆ ခုနှစ်သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူ ၅၀၈၃ ဦး ၏  ၈၂၄၇ ဧက သီးနှံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“နွေနှမ်း ၆၉၀၂ ဧက၊ မိုးစပါးပျိုးခင်း ၄၁၇ ဧက၊ မိုးစပါးစိုက်ခင်း(၄၃၀)ဧက၊ မိုးနှမ်း ၂၃၅ ဧကနှင့် မိုးပဲတီစိမ်း၂၆၃ ဧက ထိခိုက်ပျက်စီးခဲ့ပါတယ်၊ နွေနှမ်း ၁ ဧကကို ၁၅၀၀၀ ကျပ်နှုန်း၊ မိုးစပါးပျိုးခင်း ၁ ဧကကို ၁၀၀၀၀၀ ကျပ်နှုန်း၊ မိုးစပါးစိုက်ခင်း ၁ ဧက ကို ၁၀၀၀၀ ကျပ်နှုန်း၊ မိုးနှမ်းစိုက်ခင်း ၁ ဧကကို  ၅၀၀၀ ကျပ်နှုန်းနဲ့ မိုးပဲတီစိမ်း ၁ ဧကကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံကြေးငွေ ပေးအပ်တာပါ” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးသိန်းနိင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါထောက်ပံငွေများအား ကျေးရွာအုပ်စု ၃၀ ရှိ တောင်သူများ၏ လက်ဝယ်အရောက် သက်ဆိုင်ရာကျေးရွာ အုပ်စုအဆင့် ထောက်ပံကြေးငွေပေးအပ်ရေး ကော်မတီအဖွဲ့များမှတဆင့် စနစ်တကျ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“နိင်ငံတော်က အခုလို ထောက်ပံကြေးငွေ ပေးတာ တောင်သူတွေအတွက် အကျိုးရှိတာပေါ့ ။ အဆင်ပြေတာပေါ့၊ နှစ်စဉ်လည်း အခုလို တောင်သူတွေကို ထောက်ပံ့ကြေးငွေ ပေးစေချင်တာပေါ့” ဟု မင်းဘူး/စကုမြို့နယ် ကိုင်းတောကြီးကျေးရွာအုပ်စု တောင်သူဦးညွှန့်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly