မန္တလေး၊ မတ် ၂၃ ။ ။ အမြန်လမ်းမတွင် ယာဉ်မတော်တဆမှုများဖြစ်ပွား၍ ဒဏ်ရာရရှိပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန် လူနာတင်ယာဉ် ၆ စီးထားရှိကာ ကူညီပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီ၊ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက မဇ္ဈိမကို ပြောသည်။
အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၆၆တွင် အဆိုပါ လူနာတင်ယာဉ်ထားရှိရန်အတွက် အဆောက်အဦ တည်ဆောက်ရန် မြေနေရာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။
"လက်ရှိ နှစ်စီးနဲ့ကူညီဆောင်ရွက်ပေးနေတယ်။ ကားထားဖို့ နေရာရတာနဲ့ မိုင်တိုင် ၃၆၆ မှာ ကားထားပါမယ်။ ဖြစ်တာသိတာနဲ့သွားနိုင်၊ထွက်နိုင်အောင် ဆောင်ရွက်ပါမယ်"ဟု ဦးအောင်ကျော်လင်းက ပြောသည်။
လက်ရှိတွင် ကျွဲဆည်ကန်ကားကြီးကွင်းနှင့်မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ကော်မတီရုံးတို့တွင် ထားရှိ၍ ကူညီဆောင်ရွက်မှုများပေးနေကြောင်းသိရသည်။