အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့၏ စာချုပ်ကိစ္စကို နွေရာသီထိ အာဆင်နယ်အသင်းရွှေ့ဆိုင်း

အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့၏ စာချုပ်ကိစ္စကို နွေရာသီထိ အာဆင်နယ်အသင်းရွှေ့ဆိုင်း

မတ် ၂၃၊ လန်ဒန်။             ။ အာဆင်နယ်အသင်းသည် အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကို စာချုပ်ကိစ္စဆွေးနွေးရန် လာမည့်နွေရာသီအထိ ရွှေ့ဆိုင်းလိုက်သည်။

အသင်းအနေဖြင့် စာချုပ်ညှိနှိုင်းမှုကိုရွှေ့ဆိုင်းလိုက်သောကြောင့် ထိပ်သီးလေးသင်းဝင်ရေးနှင့် အက်ဖ်အေဖလား ဆီမီးအဆင့် ရောက်ရှိရေးကို အာရုံစိုက်နိုင်မည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောသည်။

သို့သော် ပီအက်စ်ဂျီ၏စိတ်ဝင်စားခြင်းခံနေရသည့် ချီလီတောင်ပံကစားသမားဆန်းချက်ဇ်အပြင် အိုဇေးလ်၏ စာချုပ်သက်တမ်းမှာ ၁၅ လသာကျန်တော့ရာ ၎င်းတို့၏အနာဂါတ်မှာ အသင်းတွင်ဆက်ရှိရန် ပိုမိုမရေရာသည့်အနေအထားဖြစ်လာခဲ့သည်။

အသင်းမှထွက်ခွာရန် ဆန်းချက်ဇ်က ဆုံးဖြတ်ချက်ထားချိန်တွင် အိုဇေးလ်သည်လည်း အာဆင်နယ်အသင်း၏ တစ်ပတ်ပေါင် ၂၈၀, ၀၀၀ ဖြင့်ကမ်းလှမ်းမှုကို သဘောတူလက်မှတ်ထိုးခြင်းမရှိသေးပေ။

“အခုအချိန်မှာ ဆန်းချက်ဇ်နဲ့ ကျွန်တော်တို့ သဘောတူညီမှုမရသေးပါဘူး။ ရာသီကုန်ထိကျွန်တော်တို့ အာရုံစိုက်ဖို့နဲ့ နွေရာသီမှ ဆွေးနွေးဖို့ ဆုံးဖြတ်ထားပါတယ်။

အိုဇေးလ်လည်း အခြေအနေအတူတူပါပဲ။ နောက်ဆုံးဆွေးနွေးမှုတွေက အခြေအနေမကောင်းသေးဘဲ သဘောတူညီမှုလည်း မရသေးတာကြောင့် နွေရာသီအထိစောင့်တာပိုကောင်းမှာပါ”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly