၂၀၁၈ ကမ္ဘာ့ဖလား ပြီးဆုံးသည်အထိ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ကစားရန် ရော်ဘင် ဆုံးဖြတ်

၂၀၁၈ ကမ္ဘာ့ဖလား ပြီးဆုံးသည်အထိ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ကစားရန် ရော်ဘင် ဆုံးဖြတ်

မတ် ၂၃၊ နယ်သာလန် ။           ။ နယ်သာလန်အသင်း၏ဝါရင့်တောင်ပံတိုက်စစ်ကစားသမား အာဂျန်ရော်ဘင်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးသည်အထိ လက်ရွေးစင်အသင်းအတွက် ကစားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ယခုနှစ်ရာသီတွင် ဒဏ်ရာများဖြင့်ရုန်းကန်နေရသည့် အာဂျန်ရော်ဘင်သည် အသက် ၃၃ နှစ်အရွယ်သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့်နယ်သာလန်အသင်းတို့အတွက် ဆက်လက်ကစားပေးရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

‘ကျွန်တော်ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအတွက်ပဲ ကိုယ်ရောစိတ်ပါပေးဆပ်မလား၊ ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းရော ဟော်လန်လက်ရွေးစင်အသင်းအတွက်ပါ ဆက်လက်အာရုံစိုက်ကစားမလား မေးကြည့်မိပါတယ်။

ကျွန်တော့်မိသားစု၊ ကျွန်တော့်မိန်းမ၊ ပြီးတော့ လက်ရွေးစင်အသင်းနည်းပြ ဒန်နီဘလိုင်းတို့နဲ့လည်း ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော့်ရဲ့ခန္ဓာကိုယ်က ပွဲတွေကစားဖို့ ကြံ့ခိုင်နေဆဲပါ။ ဒါကြောင့် နှစ်သင်းစလုံးအတွက် ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟော်လန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားနောက်တစ်ကြိမ်ကစားချင်ပါသေးတယ်’ ဟု ရော်ဘင်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly