နစ်မြုပ်သွားသော ကူးတို့ယာဉ်အား ဆယ်ယူရန် တောင်ကိုရီးယားတို့ ကြိုးစားစမ်းသပ်

နစ်မြုပ်သွားသော ကူးတို့ယာဉ်အား ဆယ်ယူရန် တောင်ကိုရီးယားတို့ ကြိုးစားစမ်းသပ်

 မတ် ၂၂ ။            ။ လွန်ခဲ့သော ၃ နှစ်ခန့်က လူပေါင်း ၃၀၄ ဦးကို သေဆုံးစေခဲ့သည့် နစ်မြုပ်သွားခဲ့သော တောင်ကိုရီးယားနိုင်ငံပိုင် ဆီဝိုးလ်ကူးတို့ယာဉ်အား ကြိုးစားဆယ်ယူရန် လုပ်ဆောင်ချက်များကို ယနေ့ဗုဒ္ဓဟူးနေ့တွင် စတင်နေပြီဖြစ် ကြောင်း အာဏာပိုင်များကပြောခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အဆိုးရွားဆုံးသော ရေကြောင်းမတော်တဆဖြစ်မှု၌ သေဆုံးသွားခဲ့သည့် ကျောင်းသူ ကျောင်းသားများ၏ ၀မ်းနည်းပူဆွေးနေသော မိဘများက အောင်မြင်သော ဆယ်ယူမှုတစ်ခု ဖြစ်လာနိုင်စေရန် အတွက် ပြည်သူများက ၀ိုင်းဝန်းဆုတောင်းပေးကြရန် တောင်းဆိုခဲ့ကြသည်။

နစ်မြုပ်သွားသော ကူးတို့ယာဉ်သည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ဘက်မှ လှိုင်းလုံးများအောက် မီတာ ၄၀ အနက်ခန့်တွင် ရှိနေပြီး ပြန်လည်ဆယ်ယူရေး အစီအစဉ်များကို ပြီးခဲ့သော နှစ်ကတည်းက စီစဉ်ထား ခဲ့သော်လည်း ဆိုးရွားသော ရာသီဥတုအခြေအနေကြောင့် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရသည်။

စာရင်းပျောက်လျက်ရှိနေသော အလောင်းကိုးလောင်းမှာ နစ်မြုပ်သွားသော ကူးတို့ယာဉ်ထဲတွင် ပိတ်မိနေမည် ဟုယူဆရပြီး ယာဉ်အား ပြန်လည်ဆယ်ယူရေးကိစ္စမှာ သေဆုံးသူ မိသားစုများက အထူးတလည် တောင်းဆို နေကြသော အရေးကိစ္စတစ်ခုဖြစ်သည်။

“ ကျမဟာ သမီးဖြစ်သူကို အလွန်လွမ်းဆွတ်နေတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။ အွန်ဟွာနှင့်အတူ ကျမတို့အိမ်ပြန် နိုင်ဖို့အတွက် ၀ိုင်းဝန်းဆုတောင်းပေးကြပါ” ဟု မတော်တဆဖြစ်ရပ်ပြီးကတည်းက အိမ်မပြန်ပဲ ဆိပ်ကမ်းအနီး၌ နေထိုင်နေသော လီကမ်ဟွီက ပြောခဲ့သည်။

“ ကျန်ရှိနေသေးသော သေဆုံးသူများ သူတို့မိသားစုနှင့်အတူ အိမ်ပြန်နိုင်အောင် ရှင်တို့အားလုံး ကျမတို့နဲ့အတူ ၀ိုင်းဝန်းဆုတောင်းပေးမယ်ဆိုရင် ကျမတို့အလွန် ၀မ်းသာရမှာဖြစ်ပါတယ်” ဟု သူမက ခံစားချက်ကို မထိန်းချုပ် နိုင်ဘဲ ငိုကြွေးလျက် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly