၁၄ နှစ်အကြာမှ မြစ်ကြီးနားမှာ မိသားစုဝင်တွေနဲ့ ပြန်ဆုံမယ့် အောင်လအန်ဆိုင်း

၁၄ နှစ်အကြာမှ မြစ်ကြီးနားမှာ မိသားစုဝင်တွေနဲ့ ပြန်ဆုံမယ့် အောင်လအန်ဆိုင်း

မတ်လ ၂၂ ။          ။ အောင်လအန်ဆိုင်း ၁၄ နှစ်ကြာ မတွေ့ရတဲ့ မိသားစုဝင်များနှင့် မြစ်ကြီးနားမှာ ပြန်ဆုံမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

သူ့အနေနဲ့ လာမယ့် အပတ်မှာ ရန်ကုန်ကို ပြန်လာပြီး မီဒီယာတွေနဲ့တွေ့ဖို့ ရှိနေပါပြီး သူ့မိသားစုဝင်တွေနဲ့ တွေ့ဖို့ မြစ်ကြီးနားကို သွားဖို့ဖြစ်ပါတယ်။ အဲဒီအတွက် အလွန်စိတ်လှုပ်ရှားနေပြီး သူ့အနေနဲ့ မတွေ့ရတာ ၁၄ နှစ်ရှိပြီလို့ ဆိုပါတယ်။

၁၉၈၅ ခုနှစ်၊ မေလ ၂၁ ရက်၊  မြစ်ကြီးနားမှာ မွေးဖွားခဲ့တဲ့သူက အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ့ခဲ့ပြီး  ၂၀၀၄ ခုနှစ်က စတင်ပြီး လက်ဝှေ့ထိုးသတ်ခြင်းကို သင်ယူခဲ့ပါတယ်။ One Championship ပြိုင်ပွဲကို ထိုးသတ်ခဲ့ပြီး  မြန်မာပရိသတ်တွေအကြား ရေပန်းစားပါတယ်။

မြန်မာ့စပါးကြီးမြွေသို့မဟုတ် အောင်လအန်ဆိုင်း က သူ့ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ One Championship ချန်ပီယံဖြစ်ဖို့နဲ့ မြစ်ကြီးနားမှာ လက်ဝှေ့ကျောင်းဖွင့်ဖို့ပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly