နေ့စဉ်ဝင်ငွေရဲ့ တစ်ဝက်လောက်ကို သုံးပြီး ကြက်တူရွေးအကောင်ရေ ၈,၀၀၀ လောက်ကို ကျွေးမွေးထားတဲ့ အိန္ဒိယ အမျိုးသား

နေ့စဉ်ဝင်ငွေရဲ့ တစ်ဝက်လောက်ကို သုံးပြီး ကြက်တူရွေးအကောင်ရေ ၈,၀၀၀ လောက်ကို ကျွေးမွေးထားတဲ့ အိန္ဒိယ အမျိုးသား

မတ် ၂၂ ။              ။ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ တစ်နေ့တာ ရရှိတဲ့ ၀င်ငွေ ရူပီး ၈၅၀ ( ၁၃ ဒေါ်လာ) ရဲ့ တစ်ဝက်လောက်ထိအကုန်အကျခံပြီး  ကြက်တူရွေးအကောင်ပေါင်း ၈,၀၀၀ လောက်ကို ကျွေးမွေးထားလျက်ရှိတယ်လို့ သိရပါတယ်။

တမီလ်နာဒူး ပြည်နယ် ချန်နိုင်းမြို့မှာ နေထိုင်တဲ့ ဂျိုးဇက်ဆက်ကာ ဆိုသူ အသက် ၆၂ နှစ်အရွယ် အဆိုပါအမျိုးသားကတော့ ကင်မရာ ပြုပြင်သူ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ပြီး ကြက်တူရွေးတွေကို တအား ချစ်တတ်သူလည်း ဖြစ်ပါတယ်။

ကင်မရာ ပြင်လို့ သူတစ်နေ့ကို ၀င်ငွေ ၁၃ ဒေါ်လာလောက် ရရှိတတ်ပြီးတော့ အဲဒီငွေရဲ့ တစ်ဝက်လောက်ကိုတော့ သူမွေးမြူထားတဲ့ ကြက်တူရွေးအစာဖိုးအတွက် သုံးစွဲနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ သူအိမ်မှာ မွေးထားတဲ့ ကြက်တူရွေးအကောင်ရေ ၈,၀၀၀ လောက် ရှိနေပြီး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး ခုလိုမျိုး ကြက်တူရွေးတွေကို မွေးမြူ စောင့်ရှောက်လာခဲ့တာလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags