စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော် ကျင်းပနေ

စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော် ကျင်းပနေ

ရန်ကုန်၊မတ်လ ၂၂ ။            ။ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော်ကို  မတ်လ ၂၀မှ ၂၂ ရက်နေ့အထိ ပြည်သူ့ရင်ပြင် The Yangon Gallery ပန်းချီပြခန်းတွင်ကျင်းပလျက်ရှိသည်။

ဓာတ်ပုံပြိုင်ပွဲတွင် အခန်းကဏ္ဍ ၆ ခုပါဝင်ကာ "အဖြူအမည်းကဏ္ဍ ဆေးရောင်စုံကဏ္ဍ ၊Computer Manipulation လူပုံကဏ္ဍ ၊သဘာဝလေ့လာချက်ကဏ္ဍ နဲ့ Photo Essay ဆိုပြီးရှိပါတယ်" ဟု မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ပြန်ကြားရေးမှူး ဦးရဲထွန်းမှ မဇ္ဈိမသို့ ပြောသည်။

ပြိုင်ပွဲတွင် Photo Essay မပါဝင်ဘဲ စုစုပေါင်း ဓာတ်ပုံ ၁၁၇၁ ပုံပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြခန်းတွင် ဆုရဓာတ်ပုံနှင့် သင်တန်းသားများ၏ ဓာတ်ပုံများ စုစုပေါင်း ၂၆၆ ပုံကို ပြသထားသည်ဟု သိရသည်။

မြန်မာနိုင်ငံမှဓာတ်ပုံဆရာများ ပြည်ပရှိဓာတ်ပုံပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ခြင်းများပြုလုပ်သကဲ့သို့ ပြည်ပမှဓာတ်ပုံဆရာများလည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ လာရောက်ယှဉ်ပြိုင်နိုင်စေရန် ကြိုးစားလျက်ရှိသည်ဟုလည်း ဦးရဲထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly