မန်ယူအသင်း၏ ဧပြီလအတွင်းပွဲစဉ်ကိုးပွဲကို ဒဏ်ရာကြောင့် ဖီးလ်ဂျံုးစ်လွဲဖွယ်ရှိ

မန်ယူအသင်း၏ ဧပြီလအတွင်းပွဲစဉ်ကိုးပွဲကို ဒဏ်ရာကြောင့် ဖီးလ်ဂျံုးစ်လွဲဖွယ်ရှိ

မတ် ၂၂၊ မန်ချက်စတာ။           ။ ဖီးလ်ဂျံုးစ်သည် အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်တွင် မန်ယူအသင်းဖော်စမောလင်းကြောင့်ဒဏ်ရာရသွားပြီးနောက် ဧပြီလအတွင်း မန်ယူအသင်းကစားရမည့် ပွဲစဉ် ကိုးပွဲကို လွဲရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ဂျာမနီအသင်းနှင့် ကစားမည့်ခြေစမ်းပွဲအတွက်ပြင်ဆင်နေစဉ် ဖီးလ်ဂျံုးစ်မှာ စမောလင်းကြောင့် ခြေချောင်းကျိုးသည်ဟု ယူဆရ သော ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ အသက် ၂၅ နှစ်အရွယ်ကစားသမားမှာ လေးပတ်ခန့်အနားယူရဖွယ်ရှိနေပြီး မန်ယူအသင်းကျော်ဖြတ်ရမည့် ပွဲကျပ် ခရီးကြမ်းကို လွဲရဖွယ်ရှိနေသည်။

အင်္ဂလန်နည်းပြဆောက်ဂိတ်က “ဘယ်လောက်နားရမလဲဆိုတာ မသိသေးပါဘူး။ သူ့မိခင်ကလပ်ထံ လေးလေးစားစားနဲ့ ပြန်ပို့ပေးခဲ့ပြီး နောက် ၂၄ နာရီနဲ့ ၄၈ နာရီအတွင်းမှာ ဓါတ်မှတ်အဖြေကို သိရပါမယ်။

အန္တရာယ်မများတဲ့ဖျတ်ထုတ်မှုဖြစ်ပေမယ့် မတော်တဆဒဏ်ရာရခဲ့တာဖြစ်ပြီး ခြေချောင်းကျိုးသွားတယ်လို့ ထင်ပါတယ်။ သူ့အတွက် ကံမကောင်းသလို စိတ်ပျက်စရာကြီးလည်းဖြစ်ခဲ့ရပါတယ်။ ဒဏ်ရာကြောင့်ခက်ခဲတဲ့ကာလကိုဖြတ်ခဲ့ရပြီး အရမ်းကောင်းနေချိန်ကျမှ အခုလိုထပ်ဖြစ်သွားရတဲ့အတွက်ပါ”ဟု ပြောသည်။

မန်ယူအသင်းသည် ဧပြီလအတွင်းတွင် ဝက်စ်ဟမ်း၊ အဲဗာတန်၊ ဆန်းဒါးလန်းတို့နှင့် ပရီးမီးယားလိဂ်ပွဲ၊ အန်ဒါလက်ချ်နှင့် ယူရိုပါလိဂ်ပွဲ၊ ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲ၊ အန်ဒါလက်ချ်နှင့်ယူရိုပါလိဂ်ဒုတိယအကျော့ပွဲ၊ ဘန်လေ၊ မန်စီးတီး၊ ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲများ ကစားရမည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags