ယေရှုခရစ်တော်၏ သင်္ချိုင်းဂူအား ပြင်ဆင်ပြီးဖြစ်၍ ထုတ်ဖော်ပြသမည်

ယေရှုခရစ်တော်၏ သင်္ချိုင်းဂူအား ပြင်ဆင်ပြီးဖြစ်၍ ထုတ်ဖော်ပြသမည်

ဂျေရုဆလင်၊ မတ် ၂၂ ။               ။ လက်ဝါးကပ်တိုင်တွင်  ကားစင်တင်ကာ ကွပ်မျက်ခံရသည့် ယေရှုသခင်ကို မြုပ်နှံထားရာဟု ယုံကြည်ထားသည့် ဂူသင်္ချိုင်းအား ပြန်လည်ထိန်းသိမ်းပြင်ဆင်မှု ပြီးစီးပြီဖြစ်ရာ ဂျေရုဆလင်မြို့ဟောင်းရှိ Church of the Holy Sepulchre မြင့်မြတ်သောဂူသင်္ချိုင်းတော်ဘုရားရှိခိုးကျောင်းတွင် မတ် ၂၂ ရက်၌ တရားဝင် ထုတ်ဖော်ပြသတော့မည်ဖြစ်သည်။

ခရစ်ယာန်များ အလေးအမြတ်ထားရာ အဆိုပါ ဂူသင်္ချိုင်းတော် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအဝဝကို ဂရိသိပ္ပံပညာရှင်အဖွဲ့က ကိုးလတာ အပြီးအစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“တကယ်လို့သာ ခုလို မပြုပြင်ခဲ့ဘူးဆိုရင် ပြိုကျမယ့် အန္တရာယ်က အလွန်နီးနေတယ်။ ခုတော့ အလုံးစုံ ပြင်ဆင်ပြီးစီးပါပြီ။”ဟု စီမံကိန်းကို ကြီးကြပ်ခဲ့ရသည့် ကမ္ဘာ့အထိမ်းအမှတ်အဆောက်အအုံများ ရန်ပုံငွေအဖွဲ့မှ ဘွန်နီဘန်ဟမ်က ပြောသည်။

အောက်တိုဘာလအတွင်းက အဆိုပါ ဂူသင်္ချိုင်း၏ မာဘယ်သားအံ့ဖုံးကို ရာစုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံးအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မတ် ၂၂ ရက်နေ့ ဂူသင်္ချိုင်းအား ထုတ်ဖော်ပြသခြင်းမှာ အလုံးစုံ ပြင်ဆင်ထိန်းသိမ်းပြီးစီးမှု အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်လည်းဖြစ်ပြီး ကမ္ဘာ့အော်သိုဒေါ့စ် ခရစ်ယာန်ဂိုဏ်းအုပ်ကြီးလည်းဖြစ်သည့် ဘုန်းတော်ကြီး Bartholomew က ခွင့်ပြုကာ ဖွင့်လှစ်ပြသစေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly