ဒင်္ဂါးအကြွေစေ့များစွာ မြိုချခဲ့သည့် လူသိများခဲ့သော ထိုင်းနိုင်ငံက ပင်လယ်လိပ်ကြီး ခွဲစိတ်မှု အပြီး သေဆုံး

ဒင်္ဂါးအကြွေစေ့များစွာ မြိုချခဲ့သည့် လူသိများခဲ့သော ထိုင်းနိုင်ငံက ပင်လယ်လိပ်ကြီး ခွဲစိတ်မှု အပြီး သေဆုံး

ဘန်ကောက်၊ မတ် ၂၁ ။           ။ ထိုင်းနိုင်ငံက အကြွေစေ့ဒင်္ဂါးပြားပေါင်း ၉၀၀ ကျော် မြိုချ၍ ခွဲထုတ်ဖယ်ရှားခဲ့ရသော ပင်လယ်လိပ်ကြီးမှာ ခွဲစိတ်မှု နောက်ဆက်တွဲ ပြဿနာကြောင့် မတ် ၂၁ ရက်တွင် သေဆုံးသွားခဲ့သည်။

ဘန်ကောက်ရှိ တိရစ္ဆာန်ဆေးကုစင်တာတစ်ခုတွင် ခွဲစိတ်မှုနောက်ပိုင်း အူသိမ်အူမကြီး ပြဿနာချွတ်ယွင်းချက်ဖြစ်ကာ ယင်းပင်လယ်လိပ်ကြိးက သေဆုံးခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်ရှိ ချုလာလောင်ကွန်းတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်များက ပင်လယ်လိပ်ကြီး၏ အစာအိမ်အတွင်း ထိုင်းနှင့် နိုင်ငံခြားငွေကြေး အကြွေစေ့များ ၁၁ ပေါင်နီးပါးကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သည့် အဆိုပါ ပင်လယ်လိပ်ကြီးမှ အကြွေစေ့များ ဖယ်ရှားခဲ့ရသည့် အစာအိမ်နေရာ အူမပိုင်းတွင် စိတ်မချရသည့် အခြေအနေပေါ်ပေါက်နေကြောင်း X-ray ဓာတ်မှန်ရိုက်ရာမှ သိရပြီး ထပ်မံခွဲစိတ်မှု ပြုရာ သေဆုံးခြင်းဖြစ်သည်။

ထိုသို့ မဖြစ်ပေါ်မီ အကြွေစေ့များ ဖယ်ရှားပြီး အခြေအနေကောင်းမွန်နေပါက ယင်းပင်လယ်လိပ်ကြီးအား နေရပ်ရင်း ထိုင်းပင်လယ်တွင်းရှိ လိပ်မျိုးစိတ်များ ကာကွယ်ရေးစင်တာသို့ ပေးပို့ရန် ရည်မှန်းထားခဲ့ခြင်းဖြစ်ရာမှ ယခုကဲ့သို့ သေဆုံးခြင်းဖြစ်သည်။

အကြွေစေ့များ ဖယ်ရှားပြီးနောက် အခြေအနေကောင်းမွန်နေ၍ ထိုသို့ပြန်ပို့ရန် ဆွေးနွေး၍ပင် နေခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း ခွဲစိတ်မှုအဖွဲ့မှ ခေါင်းဆောင် နန်တာရီကာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly