မြန်မာဆရာများနှင့်တွဲဖက်သင်ကြားမည့် အမေရိကန်စေတနာ့ဝန်ထမ်း ၁၆ ဦး ရောက်ရှိ

မြန်မာဆရာများနှင့်တွဲဖက်သင်ကြားမည့် အမေရိကန်စေတနာ့ဝန်ထမ်း ၁၆ ဦး ရောက်ရှိ
ဓာတ်ပုံ-ပိစ်ကော

မတ်လ ၂၁ ။         ။ မြန်မာဆရာများနှင့် တွဲဖက်သင်ကြားရန် အမေရိကန်စေတနာ့ဝန်ထမ်း ၁၆ ဦး ရောက်ရှိလာကြောင်း အမေရိကန်သံရုံးမှ ယနေ့ မတ်လ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စေတနာ့ဝန်ထမ်း ၁၆ ဦးမှာ မြန်မာနိုင်ငံတွင် ၂ နှစ်တာ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား တွဲဖက်သင်ကြားမည်ဟု သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမာစီရာယ်လ်က  ၎င်းတို့ကို ကြိုဆိုခဲ့ပြီး အမေရိကန်ပိစ်ကောအစီအစဉ်အရပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ စေတနာ့ဝန်ထမ်း ၁၆ ဦးမှာ သင်ကြားမှုမစခင် မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေး စွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြံုရေးဆိုင်ရာ သင်တန်းများက သီတင်းပတ် ဆယ်ပတ်ကြာ အကြိုသင်တန်းများ တက်ရောက်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင်  အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရန်အတွက် အမေရိကန်ပိစ်ကော အဖွဲ့မှ ပထမအသုတ် အနေနှင့် စေတနာ့ဝန်ထမ်း ၆ ဦးဖြင့် သင်ကြားခြင်း  စေလွှတ်ခဲ့ပြီး ယခု ဒုတိယအကြိမ် ဖြစ်သည်။

ယခင် ပထမအသုတ်ရှိ စေတနာ့ဝန်ထမ်း ၆ ဦးမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမများနှင့် တွဲဖက်ကာ သီတင်းပတ်တစ်ပတ်လျှင် ပျှမ်းမျှ အတန်း ၁၅ တန်းခန့်၌ ကျောင်းသူ၊ ကျောင်းသား ၂၁၀၀ ကို သင်ကြားပို့ချပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly