ရဲအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် ဟောင်ကောင်ဆန္ဒပြသူ ထောင်ချခံရ

ရဲအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် ဟောင်ကောင်ဆန္ဒပြသူ ထောင်ချခံရ

မတ် ၂၁ ။              ။ လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ဒီမိုကရေစီလိုလားသော လူထုချီတက်ပွဲ၌ ရဲအရာရှိ ရဦး၏ တိုက်ခိုက်ခြင်းကိုခံခဲ့ ရသော ဟောင်ကောင်မှ တက်ကြွလှုပ်ရှားသူတစ်ဦးသည် ရုံးတော်၌ အသနားခံရန် ပယ်ချခဲ့ပြီးနောက်တွင် ယနေ့ အင်္ဂါနေ့၌ ထောင်ဒဏ်ချမှတ် ခံခဲ့ရသည်။

ထိုနှစ်လခန့်ကြာမြင့်သော လူထုဆန္ဒပြပွဲ၌ ကန်ဆန်းသည် ရဲအရာရှိများကို ခုခံခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကြောင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံခဲ့ရသည်။

အဆိုပါဖြစ်ရပ်တွင် ကန်ဆန်းသည် ပန်းခြံတစ်ခုအတွင်း၌ ရဲအရာရှိအုပ်စု၏ ထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်းကို ခံခဲ့ရကြောင်း ရုပ်သံကင်မရာများတွင် တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ထုတ်လွှင့်ပြသခဲ့ကာ ဟောင်ကောင်မြို့ ရဲတပ်ဖွဲ့၏ ပုံရိပ်ကို ကျဆင်းစေခဲ့သည်။

ပြီးခဲ့သော ဖေဖေါ်ဝါရီလတွင် ထိုရဲအရာရှိ ရဦးကို ခန္ဓာကိုယ်အား ကိုယ်ထိလက်ရောက် တိုက်ခိုက်ကျူးလွန် သည်ဆိုသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ်ခန့်ချမှတ်ခဲ့သော်လည်း ခန္ဓာကိုယ်အား တမင်တကာရည်ရွယ်၍ ရန်ပြုတိုက်ခိုက်သည်ဆိုသော ပိုမိုပြင်းထန်သည့် ပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း မခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သော နှစ်မေလတွင် ကန်ဆန်းသည် လမ်းမပေါ်ရှိ ချီတက်ဆန္ဒပြပွဲ၌ ရဲအရာရှိများကို အရည်ထုပ်များဖြင့် ပက်ဖျန်းမှုအား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသောကြောင့် ငါးပတ်ခန့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

သူသည် ယခုအမှုတွင် အသနားခံခဲ့၍ အာမခံရရှိခဲ့သော်လည်း ယနေ့အင်္ဂါနေ့၌ အသနားခံမှုအား ဖျက်သိမ်းခဲ့ သည်။

“ ယနေ့တရားစီရင်မှု ပြီးဆုံးသွားတဲ့အခါမှာ ကျနော့်ရဲ့ ပြစ်ဒဏ်အတွက် ကျနော်ချက်ချင်း ပေးဆပ်သွားမှာပါ” ဟု အသက် ၄၁ နှစ်အရွယ်ရှိ ကန်ဆန်းက တရားရုံးချုပ်အပြင်ဘက်ရှိ သတင်းထောက်များအား ပြောခဲ့သည်။

“အဲ့ဒီနေ့ညက ကျနော်ကျူးလွန်ခဲ့တဲ့ အရာတွေဟာ တရားဥပေဒအရ သက်ညှာမှု မရှိကြောင်းကို ကျနော်နား လည်လိုက်ပါတယ်။ ကျနော့်ရဲ့ အပြုအမူအတွက် ကျနော်တာဝန်ယူဖို့ လိုအပ်ပါတယ်” ဟု သူက ဆိုခဲ့ပြီး ရဲများထံသို့ ပစ်ပေါက်ခဲ့သော အရည်ထုပ်မှာ ရိုးရိုးရေများသာဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags