တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး ခြစားမှု အရှုပ်တော်ပုံနှင့်စပ်လျင်း၍ စစ်ဆေးမှုခံယူရန် တရားရုံးသို့ ရောက်ရှိလာ

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး ခြစားမှု အရှုပ်တော်ပုံနှင့်စပ်လျင်း၍ စစ်ဆေးမှုခံယူရန် တရားရုံးသို့ ရောက်ရှိလာ

မတ် ၂၁  ။              ။ ရာထူးမှ ဖြုတ်ချခံရပြီး ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး မတ်လ ၂၀ ရက်က ခြစားမှုအရှုပ်တော်ပုံနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်စစ်ဆေး ကြားနာမှုကို ခံယူခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုလအစောပိုင်းက သူမအပေါ် စွပ်စွဲပြစ်တင်ခဲ့သည့်အထိ ဦးတည်စေခဲ့သော အဆိုပါ အဂတိလိုက်စားမှု အရှုပ်တော်ပုံနှင့် စပ်လျင်း၍ အစိုးရရှေ့နေများ၏ စစ်ဆေးမေးမြန်းမှုကို ခံယူရန် ဆိုးလ်မြို့ တရားရုံးတစ်ခုသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရုံးတော်သို့ ရောက်ရှိလာစဉ် ပက်က ပြည်သူလူထုကို တောင်းပန်စကားဆိုသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ရိုးသားစွာ ခံယူလိုက်နာလုပ်ဆောင်သွားမည်ဟု ပြောကြားသွားသည်။

နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်ခဲ့သူ ပက် ကို ခြစားမှု၊ အာဏာအလွဲသုံးမှု စွဲချက်များဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလက လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီး ပြည်သူသန်းပေါင်းများစွာကလည်း သူမ ရာထူးမှနှုတ်ထွက်ရေး လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုထားခဲ့ကြသည်။

ယခုလ အစောပိုင်းကမှ နိုင်ငံ၏အမြင့်ဆုံးတရားရုံးက သူမအား ရာထူးမှ ထုတ်ပယ်ရန် အတည်ပြု ဆုံးဖြတ်ပေးလိုက်ပြီးနောက် သူမ၏ နိုင်ငံရေးအာဏာကို အပြီးတိုင်လက်လွှတ်ထားခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly