ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှအကြား လျို့ဝှက်ပတ်သက်ခဲ့ခြင်း ရှိမရှိ FBI စစ်ဆေး

ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှအကြား လျို့ဝှက်ပတ်သက်ခဲ့ခြင်း ရှိမရှိ FBI စစ်ဆေး

ရွေးကောက်ပွဲကာလက ဒေါ်နယ်ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှအစိုးရတို့အကြား လျို့ဝှက်ပူးပေါင်းချိတ်ဆက်ခဲ့ခြင်း ရှိမရှိ ဖြစ်နိုင်ခြေအခြေအနေအရပ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း အမေရိကန် ပြည်တွင်း ထောက်လှမ်းရေးနှင့် လုံခြံုရေးအေဂျင်စီ FBI က အတည်ပြုထုတ်ပြန်သွားသည်။

၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှအစိုးရ၏ ကြားဝင်စွက်ဖက်မှုများ ရှိခဲ့သည်ဆိုသော စွဲချက်များနှင့်ပတ်သက်၍ FBI က တရားဝင် စုံစမ်းစစ်ဆေးသွားတော့မည် ဖြစ်သည်။

သို့သော် အမေရိကန်ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်ခဲ့ခြင်း မရှိကြောင်း ရုရှတို့ဘက်က ငြင်းဆန်ထားသည်။

အဆိုပါကိစ္စနှင့်စပ်လျင်း၍ ကွန်ဂရက်စည်းဝေးပွဲတစ်ခု၌ FBI ဒါရိုက်တာ James Comey က ပြောကြားရာတွင် ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးသွားရန် တရားရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ယခုကိစ္စတွင် မည်သူမည်ဝါတို့ကို စုံစမ်းစစ်ဆေးနေသည်ဆိုသည်ကို တိတိကျကျ ထုတ်ပြောပေးရန် လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ မေးခွန်းများကို Comey က ဖြေဆိုရန် ငြင်းဆန်သွားပြီး ၎င်းတို့အနေဖြင့် ဖြစ်နိုင်ဖွယ်ရာ ချိတ်ဆက်ပတ်သက်မှု အခြေအနေအားလုံးကို ထည့်သွင်းစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly