အာရှတွင် နာမည်ကြီးခဲ့သည့် BreadTalk ပေါင်မုန့် နှင့် ကိတ် က Junction City တွင် ဆိုင်ဖွင့်မည်

အာရှတွင် နာမည်ကြီးခဲ့သည့် BreadTalk ပေါင်မုန့် နှင့် ကိတ် က Junction City တွင် ဆိုင်ဖွင့်မည်

အာရှတွင် မုန့်ဖုတ်လုပ်ငန်းအဖြစ် နာမည်ကြီးခဲ့သည့် ပေါင်မုန့်နှင့် ကိတ်မုန့် အမျိုးအစားပေါင်း ၁၀၀ကျော် ဝယ်ယူစားသုံးနိုင်မည့် BreadTalk ဆိုင်ခွဲအား ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်စျေးနှင့် မျက်နှာချင်းဆိုင်ရှိ Junction City ၌ မတ်လ ၂၅ရက် နံနက် ၁၀နာရီတွင် ဖွင့်လှစ်မည်ဖြစ်သည်။

ယင်းဆိုင်ခွဲတွင် အနည်းဆုံး မြန်မာငွေကျပ် ၈၀၀မှ စတင် ဝယ်ယူစားသုံးနိုင်မှာဖြစ်သည်ဟုလည်း သိရသည်။

လူကြိုက်အများဆုံး အစာသွပ်ပေါင်မုန့်များဖြစ်ကြသော Chicken Parmesan, Moshi Mushroom နှင့် Curry Naan တို့ကိုလည်း ရောင်းချမည်ဟု သိရပြီး BreadTalk ၏ အရောင်းရဆုံး ဖန်တီးမှု တစ်ခုဖြစ်သော Floss (ခေါ်) အထဲ၌ ကြက်ဥခရမ် အစာထည့်၍ အပေါ်မှ ဝက်သားဖြင့် တန်ဆာဆင်ထားသောမုန့်ကိုလည်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၀ပြည့်နှစ်၌ စင်ကာပူတွင် စတင်ဖွင့်လှစ်ခဲ့သော BreadTalk ဆိုင်ခွဲအား မြန်မာနိုင်ငံတွင် ပထမဆုံးဆိုင်ခွဲအဖြစ် စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ်အနေဖြင့် မတ်လ ၂၅မှ ၂၉ရက်နေ့အတွင်းရှိ ပထမဆုံး လာရောက်ဝယ်ယူသူ အယောက် ၅၀အား အခမဲ့ပေါင်မုန့် voucher များနှင့် portable LED fan တို့ပါဝင်သည့် BreadTalk limited edition လက်ဆွဲအိတ်များ (စုစုပေါင်း တန်ဖိုး ၁၀,၀၀၀ ကျပ်) ကို လက်ဆောင် အဖြစ် ပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် မတ်လ ၂၅ရက်နေ့မှ ဧပြီလ ၂၄ရက်နေ့အထိ ပေါင်မုန့် ၅ခု ဝယ်ပါက ၅လုံးအနက် တန်ဖိုးအနည်းဆုံးတစ်ခုကို အခမဲ့လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly