BBC ကို 'Blah Blah Channel' ဟု စပါးတက်မော်စကို ပရိသတ်များ တံဆိပ်ကပ်

BBC ကို 'Blah Blah Channel' ဟု စပါးတက်မော်စကို ပရိသတ်များ တံဆိပ်ကပ်

မတ် ၁၉၊ မော်စကို။ ။             ။ စပါးတက်မော်စကိုပရိသတ်များသည် ဘီဘီစီကထုတ်လွှင့်သည့် ရုရှဆိုးသွမ်းပရိသတ်များအကြောင်းမှတ်တမ်းဇာတ်ကားတစ်ခု အပေါ် တုန့်ပြန်သည့်အနေဖြင့် 'Blah Blah Channel' ဟု စာတမ်းပါကြီးမားသောအလံကို ကိုင်ဆောင်ခဲ့ကြသည်။

ဘီဘီစီသည် ယခုလအစောပိုင်းတွင် “ရုရှ၏ ဆိုးသွမ်းပရိသတ်တပ်မတော်”ဟု အမည်ပေးထားသည့် မှတ်တမ်းဇာတ်ကားကို ပြသခဲ့သည်။

ယင်းမှတ်တမ်းတွင် ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း သောင်းကျန်းရန်စီစဉ်နေသည့် ပရိသတ်ဟုဆိုသူများကို ရိုက်ကူးရေးအဖွဲ့က ရုရှနိုင်ငံသို့သွားရောက်တွေ့ဆုံမေးမြန်းကြပုံများအား ရိုက်ကူးထားခြင်းဖြစ်သည်။

သို့သော် စပါးတက်ပရိသတ်များက မဟုတ်မှန်ကြောင်းငြင်းဆိုသည့်အနေဖြင့် လိုကိုမိုးတစ်နှင့်ပွဲတွင် ကြီးမားသောအလံကို ကိုင်ဆောင်ခဲ့ခြင်းဖြစ်သည်။

အလံကြီးတွင် မျက်နှာဖုံးစွပ်ပရိသတ်နှစ်ဦးပုံပါဝင်ပြီး တစ်ဦးမှာ လည်စီးပုဝါ၊ နောက်တစ်ဦးမှာ ဓါးကြီးတစ်ချောင်း ကိုင်ဆောင် ထားပြီး ဓါးကိုင်ဆောင်ထားသူမှာ ဘီဘီစီလိုဂိုပါ တီဗွီကြီးထဲတွင် ရှိနေပုံ ပါရှိသည်။

အလံအောက်ခြေတွင်မူ အင်္ဂလိပ်ဘာသာဖြင့် 'Blah Blah Channel' ဟု ရေးသားထားပြီး အင်္ဂလိပ်ရုပ်သံလိုင်းအပေါ် ရုရှပရိသတ် များ၏ အမြင်ကို ထုတ်ဖော်ခဲ့သည်။

မှတ်တမ်းထဲတွင် ရိုက်ကူးရေးအဖွဲ့သည် မကြာသေးမီက မန်ချက်စတာယူနိုက်တက်အသင်း ယူရိုပါလိဂ်ပြိုင်ပွဲသွားကစားခဲ့သည့် ရော့စတော့ဗ်အွန်ဒွန်းသို့သွားရောက်ပြီး ကိုယ့်ကိုယ်ကိုယ်ဆိုးသွမ်းပရိသတ်ဟုဝန်ခံကြသူများနှင့် အင်တာဗျူးခဲ့ကြခြင်းဖြစ်သည်။

ရုရှပရိသတ်များ၏ဆိုးသွမ်းမှုမှာ ပြင်သစ်တွင်ကျင်းပသော ယူရို ၂၀၁၆ ပြိုင်ပွဲ၌ အင်္ဂလန်နှင့်အုပ်စုပွဲမတိုင်ခင်နှင့် ပွဲစဉ်အတွင်း ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပြီးနောက် ပိုမိုထင်ပေါ်လာခဲ့သည်။

အခြားအလံတစ်ခုတွင်မူ “ပရိသတ်တွေရဲ့တိုင်းပြည်ကြီး ၂၀၁၈ ရုရှက ကြိုဆိုပါတယ်”ဟု ရုရှဘာသာစကားဖြင့်ရေးထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly