အလာရှင်မြတ်အတွက် အသက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း ပဲရစ်လေဆိပ်၌ တိုက်ခိုက်ခဲ့သူပြောကြား

အလာရှင်မြတ်အတွက် အသက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း ပဲရစ်လေဆိပ်၌ တိုက်ခိုက်ခဲ့သူပြောကြား

 မတ် ၁၈  ။               ။ ပြီးခဲ့သော စနေနေ့တွင် ပဲရစ်လေဆိပ်၌ ကင်းလှည့်နေသော တပ်သားတစ်ဦးထံမှ သေနတ်လုယူခဲ့၍ ပစ်သတ် ခြင်းခံခဲ့ရသော ပြင်သစ်အမျိုးသားတစ်ဦးသည်   သေနတ်လုယူပြီးချိန်၌ သူဟာ အလာရှင်မြတ်အတွက် အသက် ပေးဖို့ ရောက်လာခြင်းဖြစ်သည်ဟု ဆိုခဲ့ကြောင်း အစိုးရရှေ့တစ်ဦးက ပြောခဲ့သည်။

“မင်းတို့ရဲ့ လက်နက်တွေကိုချထားလိုက်။ ခေါင်းပေါ်ကို လက်တွေမြှှောက်ထားလိုက်။ ငါ အလာရှင်မြတ် အတွက် အသက်ပေးဖို့ ဒီကိုရောက်လာတာ။ တစ်ခုခုဖြစ်တာနဲ့ ဒီကသူတွေ သေကုန်မယ်” ဟု သေနတ်လုခဲ့သူ   ဇီရက်ဒ်ဘန်ဘယ်ဂါဆမ်က ပြောခဲ့ကြောင်း ပဲရစ်အစိုးရရှေ့နေ ဖရန်ကိုစ့်မိုလင်စ် ၏ အဆိုအရ သိရသည်။

လက်ရောက်ကျူးလွန်ခဲ့သူဟာ ရာဇဝတ်မှုကျူးလွန်တော့မယ့် ရည်ရွယ်ချက်တွေ ရှိနေတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရကြောင်း အစိုးရရှေ့နေက သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လေဆိပ်ရှိ တပ်သားများကို မတိုက်ခိုက်ခဲ့ရသေးခင်တွင် ဘန်ဘယ်ဂါဆမ်သည် ဓာတ်ဆီတစ်ဗူးပါ၀င်သော ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့ကြောင်း မိုလင်စ်က ပြောခဲ့ပြီး ဘန်၏အိတ်ထဲတွင် စီးကရက်ဘူး၊ မီးခြစ်၊ ယူရို ရ၅၀ နှင့် ကိုရမ်ကျမ်းတစ်အုပ် ပါ၀င်ကြောင်းကိုလည်း ဖြည့်စွက်ပြောခဲ့သည်။

“ ဒီလိုဖြစ်ခဲ့တဲ့ နှစ်မိနစ်လောက် အခြေအနေအတွင်းမှာ တပ်သားများဟာ လက်ရောက်ကျူးလွန်ခဲ့သူရဲ့ ပြင်းထန်သော ရည်ရွယ်ချက်ကို တွေ့မိတာကြောင့် ပစ်ခတ်ခဲ့ရတာပါ” ဟု မိုလင်စ်က ဆက်ပြောခဲ့သည်။

အဆိုပါဖြစ်ရပ်ပြီးနောက်တွင် ဘန်ဘယ်ဂါဆမ်၏ နေအိမ်အား အကြမ်းဖက်မှုတန်ပြန်ရှင်းလင်းရေး တပ်ဖွဲ့များက ၀င်ရောက်စီးနင်းခဲ့ပြီး သူ၏ ဖခင်၊အစ်ကိုနှင့် အသက်၃၉ နှစ်အရွယ်ရှိ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly