မတ် ၁၈ ။ ။ ကုန်းတွင်းပိတ် အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘူရန်ဒီ နိုင်ငံမှာတော့ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့လို့ လက်ရှိအချိန်ထိ ခြောက်ဦး ထက်မနည်း သေဆုံးခဲ့ရပြီလို့ အစိုးရက ထုတ်ပြန်သွားပါတယ်။
အလားတူ ရေလွှမ်းမိုးမှုကြောင့် မြေပြိုမှုတွေလည်း ပေါ်ပေါက်ခဲ့သလို ပျက်ဆီးဆုံးရှုံးမှု ပမာဏ များပြားတယ်လို့ ဆိုပါတယ်။
" မိုးကြီးပြီး လေပြင်းကျရောက်ခဲ့တာကြောင့် နိုင်ငံဒေသအများစုမှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်၊ နိုင်ငံအနောက်မြောက်ပိုင်းမှာ မြေပြိုမှုတစ်ခုကြောင့် အိမ်ခြေတော်တော်များများ ပါသွားပါတယ်၊ အဲဒီမှာ ရုပ်အလောင်း ငါးလောင်း ကယ်ဆယ်ရေးသမားတွေ တွေ့ခဲ့ရတယ်" လို့ အစိုးရအဖွဲ့ ဒုသမ္မတ ဂက်စ်တန် ဆန်ဒမ်ဝူးက ပြောသွားပါတယ်။
" ဒါ တကယ့်ဆိုးတဲ့ ဘေးဒုက္ခဆိုးပါ၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း များပါတယ်၊ ခုထက်ထိ စာရင်းတွေအရ အိမ်ပေါင်း ၁၆၂ လုံး ပျက်ဆီးခဲ့ရပါပြီ" လို့လည်း ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်။
ယခုအချိန်တွင် အစိုးရဘက်က သဘာဝဘေးဒုက္ခဆိုးကြောင့် ထိခိုက်ခံစားခဲ့ကြရသူတွေကို ကူညီထောက်ပံ့ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။