WY ဆေးပြား အပြား တစ်သိန်းခွဲကျော် ဖမ်းဆီးရမိ

WY ဆေးပြား အပြား တစ်သိန်းခွဲကျော် ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ရန်ကုန်၊ မတ်လ ၁၇ ။           ။ စစ်တွေမြို့နယ် သဲချောင်းကျေးရွာ ကမ်းနားရှိ ငါးပွဲစားတန်းအနောက်ဘက် စက်လှေဆိပ်၌ မတ်လ ၁၆ ရက် ည ရနာရီခန့်တွင်  WY ဆေးပြား ၁၅၉၉၂၀ ပြား  ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။

သဲချောင်းအတွင်း ဆိုက်ကပ်ထားသည့် အလျား ၃၇ ပေ၊ အနံ ၈ပေ ၁၀လက်မရှိ သစ်သားကိုယ်ထည် စက်လှေတစ်စီးအား သတင်းအရစစ်ဆေးရာ လှေပေါ်တွင် ဆလာအိတ် အတွင်းမှ အထုပ်ကြီး ၁၆ ထုပ်ဖြင့် ထုပ်ပိုးထားသော WY စာတန်းပါ စိတ်ကြွဆေးပြား ၁၅၉၉၂၀ပြား (ကာလတန်ဖိုး ၃၁၉၈၄၀၀၀၀ )ကျပ် သိန်း ၃ ထောင်ကျော်ခန့်တန်ဖိုးရှိ WY ဆေးပြားများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။  

စက်လှေပိုင်ရှင်ဖြစ်သူ အဒူဆလမ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး မှန်စီနယ်မြေရဲကင်းစခန်းမှ ဖမ်းဆီးရမိရေး အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly