မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူခြင်းအား ရွေးချယ်နိုင်ကြောင်း တိုင်လာဆန်ပြောကြား

မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူခြင်းအား ရွေးချယ်နိုင်ကြောင်း တိုင်လာဆန်ပြောကြား

 မတ် ၁၇ ။             ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က မြောက်ကိုရီးယားနိုင်ငံအပေါ် စိတ်ရှည်သည်းခံသော မဟာဗျူဟာပေါ်လစီသည် အဆုံးသတ်ပြီဖြစ်ကြောင်း သတိပေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် မြောက်ကို ရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်တပ်ဆင်ရေး အစီအစဉ်အား စစ်ရေးအရ အရေးယူသွားနိုင်ဖို့ တင်ပြ သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ သဘောထားသော ပေါ်လစီပြောင်းလဲသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ရက်စ်တိုင်လာက မြောက်ကိုရီးယားနိုင်ငံ၏ လျင်မြန်စွာတိုးတက်လာသော နျူကလီးယားအစီအစဉ်များနှင့် တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ခြင်းများကို ရပ်တန်းကရပ်ဖို့ ပြောခဲ့သည်။

“သေချာတာကတော့ ကျနော်တို့ စစ်ရေးအရ ပဋိပက္ခတွေ မဖြစ်ပွားချင်ကြပါဘူး” ဟု သူက ဆိုးလ်မြို့တွင် သတင်းထောက်များအား ပြောခဲ့ပြီး “အကယ်၍ သူတို့ဟာ လက်နက်ဖြင့်ခြိမ်းခြောက်သည့် အစီအစဉ်များကို ဆက်လက်မြှင့်တင်လာခဲ့ပါက ကျနော်တို့ တစ်ခုခုလုပ်ဖို့လိုအပ်လာပါပြီ။ အဲ့ဒီ့နောက်မှာတော့ စစ်ရေးအရ အရေးယူဖို့ တင်ပြသွားမှာပါ”ဟု သူက ဆက်ပြောခဲ့သည်။

ဒါ့အပြင် “မဟာဗျူဟာအရ စိတ်ရှည်သည်းခံသော ပေါ်လစီဟာ အဆုံးသတ်သွားပါပြီ” ဟု တိုင်လာဆန်က တောင်ကိုရီးယားမှ သူနှင့် ရာထူးတူပုဂ္ဂိုလ် ယန်ဗြောင်ဆီနှင့်အတူ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ သည်။

“ကျနော်တို့ဟာ သံတမန်ရေး၊ လုံခြံုရေး၊ စီးပွားရေး စီမံချက်အသစ်တွေကို လုပ်ဆောင်သွားဖို့ စူးစမ်းလေ့လာ နေပါတယ်။ ရွေးချယ်စရာအားလုံးကို တင်ပြသွားဖို့ရှိပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းချက်သည် နှစ်ပေါင်း ၂၀ ကျော် ကြာလာခဲ့သော် လည်း ကျရှုံးခဲ့ရသောကြောင့် ချဉ်းကပ်နည်းအသစ်များကို ဖန်တီးသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့အပြီးတွင် ယနေ့ သောကြာနေ့၌ ရက်စ်တိုင်လာက ယခုလို မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags