အလေးချိန် ရ၀၆ ကရက်ရှိ စိန်တုံးကြီးတစ်တုံး ဆီရီယာလီယွန်တွင် တွေ့ရှိ

အလေးချိန် ရ၀၆ ကရက်ရှိ စိန်တုံးကြီးတစ်တုံး ဆီရီယာလီယွန်တွင် တွေ့ရှိ

မတ် ၁၇ ။           ။ အနောက်အာဖရိကန်နိုင်ငံတစ်နိုင်ငံဖြစ်သော ဆီရီယာလီယွန်နိုင်ငံ အရှေ့ဘက်ခြမ်းရှိ မိုင်းတွင်းတစ်တွင်းမှ  အလေးချိန် ရ၀၆ ကရက်ရှိ ကြီးမားသည့် စိန်တုံးကြီး တစ်တုံးကို တူးဖော်တွေ့ရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုတွေ့ရှိထားသော စိန်တုံးကြီးမှာ ယနေ့အချိန်ထိ တူးဖော်တွေ့ရှိခဲ့သမျှ ကမ္ဘာ့အကြီးဆုံး စိန်တုံးကြီးများအနက် ဆယ်ခုမြောက် အကြီးဆုံးသော စိန်တုံးကြီး ဖြစ်လာဖွယ်ရှိကြောင်းလည်း  ကျွမ်းကျင်သူများက ပြောသည်။

နိုင်ငံအရှေ့ခြမ်း မိုင်းတွင်းတစ်ခု၌ လုပ်ကိုင်နေသော သင်းအုပ်ဆရာတစ်ဦးက ယခု စိန်တုံးကြီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ တွေ့ရှိထားသော စိန်တုံးကြီးကို သမ္မတ ဒေါက်တာ အာနက်စ်ဘိုင်ကိုရိုမာ ထံ သွားရောက်အပ်နှံထားပြီး ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ယင်းနိုင်ငံရှိ မိုင်းတွင်းများ၌ တွေ့ရှိရသော တွင်းထွက်ရတနာပစ္စည်းများကို မကြာခဏဆိုသလို မှောင်ခို ကူးသန်းရောင်းချခြင်း များ ရှိနေလျက်ရှိပြီး ယင်းတို့ကို အစိုးရကလည်း ကြိုးပမ်းတိုက်ဖျက်နှိမ်နင်းနေရလျက်ရှိသည်။

ယခု တွေ့ရှိထားသော စိန်တုံးကြီးကိုမူ နိုင်ငံနှင့် ပြည်သူ အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှုရှိသည့် လေလံတင်စနစ်ဖြင့် ရောင်းချသွားရန် စီစဉ်ထားကြောင်း ဆီရီယာလီယွန် အစိုးရက ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly