စစ်ဘေးကြောင့် မသန်စွမ်းဖြစ်ရသူများကို ထောက်ပံ့ကူညီမည်

စစ်ဘေးကြောင့် မသန်စွမ်းဖြစ်ရသူများကို ထောက်ပံ့ကူညီမည်

မတ်လ ၁၅ ။            ။ စစ်ဘေးကြောင့် မသန်စွမ်းဖြစ်ရသူများကို မြန်မာနိုင်ငံ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းက ခြေတု၊ လက်တု နှင့် ဘီးတပ်ကုလားထိုင်များ ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။

“စစ်ဘေးဖြစ်ပြီးတော့ မသန်စွမ်းဖြစ်သွားတဲ့ သူတွေအတွက်ပေါ့ ကျွန်တော်တို့ အားလုံးလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းမှ ဘဏ္ဍာရေးမှုး ဖြစ်သူ ကိုစိုင်းမြတ်မိုးကပြောသည် ။

ထိုသို့ ကူညီထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ရသူများအတွက်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ မသန်စွမ်းများကို ကူညီရန်အတွက်  မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ၁၅ နှစ်မြောက်နှစ်ပတ်လည် ပွဲ နှင့်တွဲဖက်ပြီး ခေတ်ပေါ်ဂီတများဖြင့် ဖျော်ဖြေကာ ရန်ပုံငွေရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေဖျော်ဖြေပွဲကို ဧပြီလ ၁ ရက်နေ့ အမျိုးသားဇာတ်ရုံကြီးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly