လန်ဒန်၊ မတ် ၁၅ ။ ။ အာဆင်နယ်အသင်းအနေဖြင့် ယခုရာသီအကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ပါက ကစားသမားများအနေဖြင့်အပိုဆုကြေးသန်းချီ နစ်နာမည် ဖြစ်သည်။
အာဆင်နယ်အသင်းသည် ၁၉၉၇ ခုနှစ်မှာ စတင်၍ နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေါင် ၄၆•၇ သန်းအထိ ဝင်ငွေ ရရှိခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ အပြီးတွင် ရမှတ် ၅၀ ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။ အာဆင်နယ်သည် အဆင့် ၄ နေရာမှ လီဗာပူးလ်(၅၅ မှတ်)နှင့် ၅ မှတ်ကွာဟနေသော်လည်း လက်ထဲတွင် ပွဲကျန် ၂ ပွဲကျန်ရှိနေသည့်အတွက် ယင်းနှစ်ပွဲကို အနိုင်ရခဲ့ပါက အဆင့် ၄ နေရာကို တက်လှမ်းနိုင်မည် ဖြစ်သည်။
ရည်ညွှန်း - ဒေးလီးမေးလ်