ချန်‌ပီယံလိဂ်‌ကွာတားတွင်‌ လက်‌စတာနှင်‌့ မ‌တွေ့လိုဟု ဂျူဗင်‌တပ်‌စ်‌ဝါရင်‌့ဂိုးသမားဘတ်‌ဖွန်‌​ပြော

ချန်‌ပီယံလိဂ်‌ကွာတားတွင်‌ လက်‌စတာနှင်‌့ မ‌တွေ့လိုဟု ဂျူဗင်‌တပ်‌စ်‌ဝါရင်‌့ဂိုးသမားဘတ်‌ဖွန်‌​ပြော

တူရင်‌၊ မတ်‌ ၁၅ ။              ။ ဂျူဗင်‌တပ်‌စ်‌ဝါရင်‌့ဂိုးသမားဘတ်‌ဖွန်‌က ချန်‌ပီယံကွာတားဖိုင်‌နယ်‌တွင်‌ လက်‌စတာနှင်‌့ မ‌တွေ့လို‌ကြောင်‌းပြောဆိုလိုက်​သည်​။

လက်‌စတာသည်‌ ယ‌နေ့နံနက်‌ပိုင်‌းက ဆီးဗီးလားကို ၎င်းတို့၏အိမ်‌ကွင်‌းကင်‌းပါဝါတွင်‌ အံ့အားသင်‌့ဖွယ်‌ အနိုင်‌ရပြီး အသင်‌းသမိုင်‌းတစ်‌‌လျှောက်‌ ပထမဆုံးအကြိမ်‌ ချန်‌ပီယံလိဂ်‌ကွာတားဖိုင်‌နယ်‌သို့ တက်‌‌ရောက်‌နိုင်‌ခဲ့သည်‌။

အသက်‌ ၃၈ နှစ်‌ရှိ ဝါရင်‌့ဂိုးသမားဘတ်‌ဖွန်‌က `ကျွန်‌‌တော်‌ ဘာလို့ လက်‌စတာနဲ့ မ‌တွေ့ချင်‌တာလဲဆို‌တော့ သူတို့က တအားစိတ်‌ဓာတ်‌ပြင်‌းပြ‌နေတယ်‌။ အဲဒါက အသင်‌းတိုင်‌းကို ဒုက္ခ‌‌ကောင်‌း‌ကောင်‌း‌ ‌ပေးနိုင်‌တယ်‌။ သူတို့နဲ့ ယှဉ်‌ရင်‌ ကျွန်‌‌တော်‌တို့က အဘက်‌ဘက်‌မှ မသာဘူး။ အဓိက‌တော့ စိတ်‌ဓာတ်‌ပိုင်‌း‌ပေါ့´ဟု ဆိုခဲ့သည်‌။

ဂျူဗင်‌တပ်‌စ်‌အသင်‌းသည်‌ ‌ပေါ်တိုကို ယ‌နေ့‌နနက်‌ပိုင်‌းက ၁-၀ ဂိုးဖြင်‌့ နိုင်‌ခဲ့ရာ နှစ်‌‌ကျော့‌ပေါင်‌း ၃-၀ ဂိုးဖြင်‌့ ကွာတားဖိုင်‌နယ်‌သို့ တက်‌‌ရောက်‌နိုင်‌ခဲ့သည်‌။ ဂျူဗင်‌တပ်‌စ်‌သည်‌ ယခုရာသီ ချန်‌ပီယံလိဂ်‌တွင်‌ ဘာစီလိုနာ၊ ရီးယဲလ်‌၊ ဘိုင်‌ယန်‌တို့နှင်‌့အတူ ဗိုလ်‌စွဲရန်‌ ထိပ်‌ဆုံးမှ ‌ရေပန်‌းစား‌နေသည်‌။

ရည်‌ညွှန်‌း -‌ဒေးလီး‌မေးလ်‌

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly