အင်ဒိုနီးရှားကလပ် ပါဆပ်ဘန်ဒေါင်းသို့ ချဲလ်ဆီးကွင်းလယ်လူဟောင်း အက်ဆီယန် ပြောင်းရွှေ့

အင်ဒိုနီးရှားကလပ် ပါဆပ်ဘန်ဒေါင်းသို့ ချဲလ်ဆီးကွင်းလယ်လူဟောင်း အက်ဆီယန် ပြောင်းရွှေ့
(ဓာတ်ပုံ - အီးပီအေ)

ဂါနာကစားသမား ချဲလ်ဆီးကွင်းလယ်လူဟောင်း မိုက်ကယ် အက်ဆီယန်ဟာ အင်ဒိုနီးရှား လီဂါ (၁)ကလပ် ပါဆပ်ဘန်ဒေါင်းအသင်းနဲ့ ၁ နှစ် စာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

"အခုလို ဒီနေရာကို ရွှေ့ပြောင်းခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်။"လို့ အသက် ၃၄ နှစ်အရွယ် ကစားသမား အက်ဆီယန်က ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောပါတယ်။ "ကျနော် စိတ်လှုပ်ရှားမိပြီး ကျနော့်ရဲ့ အကောင်းဆုံးတွေကို ပေးချင်ပါတယ်"

အဆိုပါကွင်းလယ်ကစားသမားက အင်ဒိုနီးရှားကို သူလာရောက်ကစားခြင်းဟာ အခြားအရေးကြီးတဲ့ ကစားသမားတွေ လာရောက်ဖို့ အစပြိုးသူဖြစ်လိမ့်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

၂၀၀၆ ဂျာမနီနဲ့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပွဲတွေမှာာ ဂါနာနိုင်ငံကိုယ်စားပြု ကစားခဲ့သူ အက်ဆီယန်ဟာ လိုင်ယွန်အသင်းနှင့်အတူ ပြင်သစ်လီဂူဖလား ၂ ကြိမ်နှင့် ပြင်သစ်စူပါဖလား ၂ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။

၎င်းအပြင် ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်နှင့် အက်ဖ်အေကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ၂၀၁၂ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ရရှိခဲ့ပါတယ်။

အက်ဆီယန်ဟာ ရီးယဲလ်အသင်းနှင့် အေစီမီလန်အသင်းတို့မှာလည်း ကစားခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly