ချီလီ၌ တောမီးလောင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများ နေအိမ်သို့ပြန်လာ

ချီလီ၌ တောမီးလောင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများ နေအိမ်သို့ပြန်လာ

မတ် ၁၄ ။           ။ ချီလီနိုင်ငံ၌ နေအိမ်ဒါဇင်ကျော်ခန့်ကို ပျက်စီးစေခဲ့သော တောမီးလောင်ကျွမ်းမှုကြောင့် ပြီးခဲ့သော စနေ၊တနင်္ဂနွေပိတ်ရက်တစ်လျှောက်  နေအိမ်မှ  ဘေးကင်းရာသို့   ပြောင်းရွှေ့   နေထိုင်ခဲ့ရသူ ၆၀၀၀ခန့်သည် တနင်္လာနေ့တွင် ၄င်းတို့၏နေအိမ်သို့ ပြန်လာခဲ့ကြကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မီးလောင်ကျွမ်းမှုသည် ဆန်တီရာဂိုမြို့မှ ရ၅မိုင်အကွာ ဗီနာဒယ်လ်မာမြို့ရှိ သစ်တောထဲ၌ စတင်လောင်ကျွမ်း ခဲ့ပြီး ထိုသစ်တောအနီးတွင် ဆင်းရဲသောမိသားစုများသည် သစ်သားနှင့်သွပ်ပြားများကို အသုံးပြု၍ တရားမဝင် အိမ်ဆောက်ကာ နေထိုင်နေကြသည်။

နိုင်ငံတော်အရေးပေါ်ဌာနမှ ဒါရိုက်တာဖြစ်သူ ရီကာဒိုတိုရို၏ အဆိုအရ မီးလောင်ကျွမ်းမှုအတွင်း ဒဏ်ရာရရှိသူ၊ သေဆုံးသူ တစ်ဦးမှမရှိကြောင်း သိရသည်။

တဟုန်ထိုးမြင့်တက်လာသော အပူချိန်နှင့် တိုက်ခတ်နေသော လေပြင်းများကြောင့် ဗယ်ပါရိုင်ဆို နှင့် ဗီနာဒယ်လ်မာမြို့များ၌ မီးဘေးသတိပေးမှုများ နှိုးဆော်ခဲ့သော်လည်း နာရီပိုင်းအတွင်း သစ်တော ဟတ်တာပေါင်း ၂၃၀ခန့် ပျက်စီးခဲ့ရသည်။

ရဲများနှင့် စစ်သားများသည် ပြည်သူများအား ၄င်းတို့၏ ပိုင်ဆိုင်မှုပစ္စည်းများကို ယာဉ်များထဲသို့ ကူညီသယ်ဆောင်ပေးခဲ့ပြီး မီးသတ်သမားများနှင့် သစ်တောတပ်ဖွဲ့များသည် မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသည်။ အာဏာပိုင်များက နောက်ထပ်သစ်တောတပ်ဖွဲ့များနှင့် ရဟတ်ယာဉ်များကို မီးငြိမ်းသတ် ရန် စေလွှတ်ပေးမည်ဟု ပြောခဲ့သည်။ ဒါ့အပြင် အာဏာပိုင်များက မီးလောင်ကျွမ်းမှု   ဖြစ်ပေါ်ရသည့် အကြောင်း ရင်းကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly