အီးယူက နုတ်ထွက်ရေးဆိုင်ရာ ဥပဒေကြမ်း ဗြိတိန်လွှတ်တော်အတည်ပြု

အီးယူက နုတ်ထွက်ရေးဆိုင်ရာ ဥပဒေကြမ်း ဗြိတိန်လွှတ်တော်အတည်ပြု

လန်ဒန်၊ မတ် ၁၄ ။                    ။ ဗြိတိန်အထက်လွှတ်တော်က အီးယူကနုတ်ထွက်ရေးဆိုင်ရာ ဥပဒေကြမ်းကို မတ် ၁၃ ရက်မှာ အတည်ပြုလိုက်ပါတယ်။

လွှတ်တော်မှာ ခုဥပဒေကြမ်းကို မဲပေးအတည်ပြုချိန် ရာနဲ့ချီတဲ့ လန်ဒန်ပြည်သူတွေဟာ ပါလီမန်ရင်ပြင်မှာ စုရုံးပြီး ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ခုဥပဒေကြမ်းအားဖြင့် ပြီးခဲ့တဲ့နှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဲရလဒ်ဖြစ်တဲ့ အီးယူအဖွဲ့မှ ဗြိတိန်နုတ်ထွက်ရေး ရှေ့ဆက်အကောင်အထည်ဖော်သွားရေးကို အီးယူခေါင်းဆောင်တွေနဲ့   ဆွေးနွေးအတည်ပြုနိုင်တော့မှာဖြစ်ပါတယ်။

ပါလီမန်မှာ သီတင်းပတ်များစွာ အခြေအတင်ဆွေးနွေးပြီးနောက် မဲပေးအတည်ပြုလိုက်တဲ့ ခုဥပဒေကြမ်းကို ဘုရင်မကြီး အယ်လီဇဘတ်ထံက တော်ဝင်နန်းတော် သဘောတူညီမှု ရပြီးတဲ့အခါမှ ဥပဒေအဖြစ် အသက်ဝင်မှာဖြစ်ပါတယ်။

နန်းတော်အနေနဲ့ အစောဆုံး မတ် ၁၄ ရက်မှာ ဥပဒေကြမ်းကို အတည်ပြုပေးဖို့ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly