ပြည်တွင်း ဝါးလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အိန္ဒိယ ကောင်စစ်ဝန်ရုံးနှင့် မနိပူရပြည်နယ် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးဌာနတို့ ပူးပေါင်း၍ အိန္ဒိယ ရိုးရာ လက်မှုပညာ ဝါးခြင်း အလှပြပွဲကို မတ် ၁၃ ရက် နံနက် ၉ နာရီက မန္တလေးတိုင်း သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် (MIIT)တွင် ပြုလုပ်ကျင်းပခဲ့သည်။
နိုင်ငံ၏ ဝါးလက်မှုပညာ ဖလှယ်ခြင်းဖြင့် နောင်တစ်ချိန်တွင် ကြိမ်၊ဝါး လက်မှုပစ္စည်းများ အရည်အသွေး တိုးတက်လာစေရန်နှင့် ဝါးလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အိန္ဒိယ ရိုးရာလက်မှုပညာ ဝါးခြင်းအလှပြပွဲကို ကျင်းပခြင်းဖြစ်သည်။ အိန္ဒိယ ရိုးရာလက်မှုပညာ ဝါးခြင်း အလှပြပွဲကို ဝါးဖြင့် ပြုလုပ်ထားသော လူအသုံးအဆောင်ပစ္စည်းများ၊ ထုပ်ပိုးသယ်ယူသည့် ပစ္စည်းများ နှင့် မီးဖိုချောင်းသုံး ပစ္စည်းများ ပြထထားပြီး မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြသခြင်းလည်းဖြစ်သည်။
'' နိုင်ငံတကာမှ ကြိမ်၊ ၀ါး နှင့် ပတ်သက်တဲ့ လက်မှုပစ္စည်းတွေက နေရာတစ်ခု ရရှိနေပြီး သင့်တင့်တဲ့ စျေးနှုန်း ရရှိထားပြီးဖြစ်ပါတယ်၊ ၀ါးက နေရာဒေသတော်တော်များများမှ စိုက်စရာမလိုအောင် အလေ့ကျ ပေါက်နေတာဖြစ်တဲ့အတွက် ပြည်တွင်းက ၀ါးလက်မှုလုပ်ငန်းတွေ တွင်ကျယ်လာအောင်၊ နည်းပစ္စည်း၊ အရည်အသွေး တိုးတက်လာအောင် လေ့လာနိုင်ဖို့ ဒီပွဲကို ပြသခြင်းဖြစ်ပါတယ် '' ဟု မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။
အိန္ဒိယ ရိုးရာလက်မှုပညာ ဝါးခြင်းအလှပြပွဲကို မန္တလေးမြို့တွင် မတ်(၁၃)ရက် မှ (၁၄)ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် မတ်(၁၆)ရက် မှ (၁၈)ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။