ကိတ်တောင်းမြို့က အဝတ်ဗလာ စက်ဘီးစီးပွဲတွင် ရာပေါင်းများစွာသော စက်ဘီးစီးသမားတို့ ပါ၀င်စီးနင်း

ကိတ်တောင်းမြို့က အဝတ်ဗလာ စက်ဘီးစီးပွဲတွင် ရာပေါင်းများစွာသော စက်ဘီးစီးသမားတို့ ပါ၀င်စီးနင်း

မတ် ၁၃ ။           ။ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော အဝတ်ဗလာ စက်ဘီးစီးပွဲကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ကျင်းပခဲ့ရာ ရာပေါင်းများစွာသော စက်ဘီးစီးသမားတို့ ပါ၀င်ခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပါ၀င်စီးနင်းခဲ့သော စက်ဘီးစီးသမားတို့ အနေဖြင့် တစ်ချို့မှာလည်း အောက်ခံအဝတ်အစားများဖြင့်သော်လည်းကောင်း၊ တစ်ချို့မှာလည်း ခန္ဓာကိုယ်ပေါ်တွင် ဆေးရောင်စုံ ခြယ်သ၍သော်လည်းကောင်း၊ တစ်ချို့မှာမူ မည့်သည့်အခုအခံမှ မပါဘဲ ကိုယ်တုံးလုံးဖြင့် ပါ၀င်စီးနင်းခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ အဝတ်ဗလာ စက်ဘီးစီးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လူထုအကြား စက်ဘီးစီးခြင်း အလေ့အထကို ပိုမိုစိတ်ဝင်စားလာစေနိုင်ရန်အတွက်သော်လည်းကောင်း၊ တစ်နေရာမှ တစ်နေရာ သွားလာရာတွင် စက်သုံးဆီသုံး ယာဉ်များအစား ယခုကဲ့သို့ စက်ဘီးများ ပိုမိုအစားထိုးအသုံးပြုသွားလာနိုင်ရေး တွန်းအားပေးလိုခြင်းကြောင့် ဖြစ်သည်ဟု ပွဲစီစဉ်သူမာျးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly