လာလီဂါနောက်ဆုံးရာသီငါးခုတွင် ဘာစီလိုနာအသင်းမှာ ပင်နယ်တီအများဆုံး ရရှိသည့်အသင်းအဖြစ် မှတ်တမ်းဝင်

လာလီဂါနောက်ဆုံးရာသီငါးခုတွင် ဘာစီလိုနာအသင်းမှာ ပင်နယ်တီအများဆုံး ရရှိသည့်အသင်းအဖြစ် မှတ်တမ်းဝင်

မတ် ၁၂၊ စပိန် ။              ။ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် လာလီဂါနောက်ဆုံး(၅)ရာသီတွင် ပင်နယ်တီအများဆုံးရရှိသည့် အသင်းအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

အဆိုပါစစ်တမ်းကို Opta က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဘာစီလို လာလီဂါနောက် ဆုံး(၅)ရာသီတွင် စုစုပေါင်းပင် နယ်တီ (၄၇)ကြိမ် ရရှိခဲ့သည်။ ရီးယဲလ်အသင်းမှာမူ (၄၄)ကြိမ် သာရရှိထားရာ ဘာစီလိုနာအသင်းက ရီးယဲလ်အသင်းထက် (၃)ကြိမ်ပိုမိုရရှိခဲ့သည်။

ဘာစီလိုနာနှင့် ရီးယဲလ်တို့၏နောက်တွင် ဆီးဗီးလားက (၃၉)ကြိမ်၊ အက် သလက်တီကိုက (၃၂)ကြိမ်၊ ဂရန်နာဒါက (၂၈)ကြိမ်၊ ဗလင်စီယာ က (၂၆)ကြိမ်၊ ဘီလ်ဘာအိုက (၂၅)ကြိမ် အသီးသီးရရှိခဲ့ကြသည်။

ဘာစီလိုနာအသင်းသည်  ပင်နယ်တီအများဆုံး ရရှိခဲ့သည့် အသင်းဖြစ်ခဲ့သော်လည်း ပြိုင်ဘက်များကို ပင်နယ်တီပေးခဲ့ရ သည့်အကြိမ်မှာ (၁၃)ကြိမ်ရှိခဲ့သည်။ အက်သလက်တီအသင်းမှာ (၁၁) ကြိမ်ဖြင့် ပင်နယ်တီအနည်းဆုံး ပေးရသည့်အသင်းဖြစ်ခဲ့သည်။

လာလီဂါတွင် ပင်နယ်တီအများဆုံးပေးရသည့်အသင်းမှာ ဗလင်စီယာဖြစ်ပြီး (၃၅)ကြိမ် ပေးခဲ့ရသည်။ ရီးယဲလ်အသင်းမှာမူ ပင်နယ်တီ(၂၂)ကြိမ် ပေးခဲ့ရသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags