အစ္စရေးကျောင်းသူ ရဦးအား သတ်ဖြတ်ခဲ့သော ဂျော်ဒန်စစ်သား ပြန်လည်လွတ်မြောက်ခဲ့

အစ္စရေးကျောင်းသူ ရဦးအား သတ်ဖြတ်ခဲ့သော ဂျော်ဒန်စစ်သား ပြန်လည်လွတ်မြောက်ခဲ့

မတ် ၁၂ ။                 ။ ၁၉၉၇ ခုနှစ်တွင် ဂျော်ဒန်နိုင်ငံသို့ ကျောင်းခရီးစဉ်ဖြင့် အလည်အပတ်ရောက်ရှိလာသည့် အစ္စရေးကျောင်းသူ ရဦးအား သတ်ဖြတ်ခဲ့သော ဂျော်ဒန်နိုင်ငံသား စစ်သားသည် ထောင်တွင်း၌ နှစ်၂၀ခန့်နေခဲ့အပြီးတွင် ယနေ့ တနင်္ဂနွေနေ့၌  ပြန်လည်လွတ်မြောက်လာခဲ့သည်။

“အာဏာပိုင်များသည် အာမက်ဒါကမ်ဆာကို ဒေသစံတော်ချိန် ယနေ့တနင်္ဂနွေနေ့ မနက်၁နာရီတွင် သူ၏ ထောင်ဒဏ်ပြစ်ဒဏ် ကုန်ဆုံးရက်ရောက်ပြီဖြစ်တာကြောင့် ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ သူဟာအခုဆို လွတ်လပ်တဲ့သူ တစ်ယောက်ဖြစ်သွားပါပြီ” ဟု ထိုစစ်သား၏ ညီဖြစ်သူ ယာယာဒါကမ်ဆာက ပြောခဲ့သည်။

အာမက်ဒါကမ်ဆာသည် ဂျော်ဒန်နိုင်ငံမြို့တော် အမ်မန်မြို့မြောက်ပိုင်း ကီလိုမီတာ ၉၀ အကွာရှိ အာဘစ်ဒ်မြို့ ဘတ်ဘ်အယ်လ်ဟာဝါအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၉၉၇ မတ်လတွင် သူသည် ဂျော်ဒန်-အစ္စရေး နယ်စပ်သို့ ကျောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသော  အစ္စရေးကျောင်းသူလေးများအား စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသူ ရ ဦးသေဆုံးခဲ့ကာ ဆရာတစ်ဦးနှင့် အခြားကျောင်းသူ၅ဦး ဒဏ်ရာရရှိခဲ့သည်။

သူသည် ထိုလုပ်ရပ်အတွက် အစောပိုင်းတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။

ဂျော်ဒန်ဘုရင်ဟတ်ဆိန်သည် အဆိုပါတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ပြီး အစ္စရေးနိုင်ငံသို့ သွားရောက်လည်ပတ်ကာ အသတ်ခံခဲ့ရသည့် ကျောင်းသူလေးများ၏ မိသားစုဝင်များကို ၀မ်းနည်းစကား ပြောကြားခဲ့ပြီး နစ်နစ်ကြေးများ ပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly