အာရပ်အစ္စရေးလူမျိုးများက ဗလီ၌ အသံချဲ့စက်များ အသုံးပြုခွင့်ပိတ်ပင်သည့် အမိန့်ကို ဆန့်ကျင်ဆန္ဒပြ

အာရပ်အစ္စရေးလူမျိုးများက ဗလီ၌ အသံချဲ့စက်များ အသုံးပြုခွင့်ပိတ်ပင်သည့် အမိန့်ကို ဆန့်ကျင်ဆန္ဒပြ

မတ် ၁၁ ။              ။ ဗလီ၌လော်စပီကာများ အသုံးပြုခွင့်ပိတ်ပင်သည့် ဥပဒေပြဌာန်းရန် ရည်ရွယ်နေသည်ကို ဆန့်ကျင်သော ထောင်နှင့်ချီသည့် အာရပ်အစ္စရေးလူမျိုးများသည် အစ္စရေးနိုင်ငံမြောက်ပိုင်း၌ ပြီးခဲ့သောစနေနေ့တွင် ဆန္ဒပြခဲ့ ကြသည်။

အစ္စရေးနိုင်ငံကာဘူးလ်မြို့တွင် ယောင်္ကျား၊မိန်းမ သုံးထောင်ခန့်ပါ၀င်သော လူအုပ်ကြီးသည် ပါလက်စတိုင်း အလံများနှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြပြီး “ဗလီ၌ ၀တ်ပြုရန်နှိုးဆော်မှုကို ပိတ်ပင်သော ဥပေဒ မပြဌာန်းရ” ၊ “၀တ်ပြုရန် နှိုးဆော်မှုကို မပိတ်ပင်ရ” ဟူသော စကားလုံးများကို ဟစ်ကြွေးခဲ့ကာ ၀န်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနှင့် ဥပဒေပြုလွှတ်တော်အဖွဲ့ကို ဆန့်ကျင်ခဲ့ကြသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အစ္စရေးပါလီမန်အဖွဲ့မှ သိမ်းပိုက်ထားသော ဂျေရုစလမ်အရှေ့ခြမ်းနှင့် အစ္စရေးနိုင်ငံအတွင်းရှိ ဗလီများ၌ ၀တ်ပြုဆုတောင်းရန် နှိုးဆော်မှုအား ကန့်သတ်သောမူကြမ်းနှင့် ဗလီ၌ အသံချဲ့စက်များအား အချိန်ပြည့်အသုံးပြုခြင်းကို တားမြစ်ရန်သော အငြင်းပွားဖွယ်ရာ မူကြမ်းနှစ်ခုကို အတည်ပြုပေးခဲ့သည်။

အာဏာရယာယီညွှန့်ပေါင်းအဖွဲ့ဝင်များနှင့် အာရပ်ဥပဒေပြဌာန်းသူများကြား ဒေါသဖြစ်သောဆွေးနွေးမှုငြင်းခုံမှု မှတဆင့် အော်ဟစ်ငြင်းခုန်သော ဆွေးနွေးပွဲအဖြစ်သို့ ပြောင်းလဲမှုအပြီးတွင် အဆိုပါဥပဒေမူကြမ်းနှစ်ခုအား အတည်ပြုခဲ့ခြင်းဖြစ်သည်။

အစ္စရေးဥပဒေပြုအဖွဲ့က ဗလီများ၌ အသံတိတ်စေမည့်မူကြမ်းကို အတည်ပြုလိုက်သော ကိစ္စသည် အာရပ်များနှင့် မူစလင်ကမ္ဘာကြီးတစ်ခုလုံးအား ယမ်းပုံမီးကျဖြစ်စေခဲ့သည်။

အာရပ်အစ္စရေးလူမျိုးများသည် ပါလက်စတိုင်းအနွယ်ဝင်များဖြစ်ပြီး အစ္စရေးနိုင်ငံထူထောင်သည့် ၁၉၄၈ခုနှစ်မှ စတင်၍ နိုင်ငံအတွင်း ကျန်ရှိနေသူများဖြစ်ကြပြီး အစ္စရေးနိုင်ငံလူဦးရေ ၈သန်းခန့်တွင် ၁၇.၅ရာခိုင်နှုန်းခန့် ပါ၀င် သူများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly