မောင်​​တော အောင်​ဇံရဲကင်​းမှ လုယူသွားသည်​့ ကျည်အိမ်မပါ သေနတ် ၂ လက် ပြန်တွေ့

မောင်​​တော အောင်​ဇံရဲကင်​းမှ လုယူသွားသည်​့ ကျည်အိမ်မပါ သေနတ် ၂ လက် ပြန်တွေ့
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

မတ်​လ ၁၂ ။             ။ ယမန်နေ့ မတ်​လ ၁၁ ရက်​​နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင် ၅ ဦး စစ်ဆေးနေစဉ် လူ ၅ ဦးမှ လက်နက်များ လုယူထွက်ပြေးခဲ့ရာ ယနေ့ ကျည်အိမ်မပါ သေနတ် ၂ လက် ပြန်လည်ရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

နယ်စပ်မိုင်​တိုင်​ ၄၂ အနီး ​ဝေလာ​တောင်​​ချောင်​း​ဘေး၌ ဘီ​အေ- ၉၄(ကျည်​အိမ်​မပါ) ၂ လက်​အား ပြန်​လည်​​တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မတ်​ ၁၁ ရက်​ ည​နေ ၄ နာရီ ၁၅ မိနစ်​က ​မောင်​တောမြို့နယ် နယ်​​မြေ(၂) ​အောင်​ဇံရဲကင်​းမှ လက်​နက်​များလုယူထွက်​​ပြေးသွားသူများအားစုံစမ်​းရာ ၂ ဦးမှာ မြန်​မာ-ဘင်္ဂလား​ဒေ့ရှ်​ နယ်​စပ်​မှတ်​တိုင်​ ၄၃ ခြံစည်​းရိုးတစ်ဖက်​​ဘေး​အနီးရှိ ရွာတွင်​​နေထိုင်သူ ဒိုင်​းနက်​လူမျိုးများဖြစ်​ပြီး ကျန်​ ၃ ဦးမှာ​ ​မောင်​​တောမြို့ မြို့မဘုန်​းကြီး​ကျောင်​းတွင်​ ​နေထိုင်​သူများဖြစ်​​ကြောင်​း သိရသည်​။

ဆိုင်​ကယ်​ ကယ်​ရီ​မောင်​းနှင်​သူ(စိစစ်ဆဲ) ၅ ဦးသည်​ ခ​မောက်​ဆိပ်​​ကျေးရွာတွင်​​ နထိုင်​သူများဖြစ်​​ကြောင်​းသိရှိရပြီး ၎င်းတို့၏ ဆိုင်​ကယ်​များအား ရွာအတွင်​းထားရှိကာထွက်​​ပြေးတိမ်​း​ရှောင်​လျက်​ရှိ​ကြောင်​းသိရသည်​။

 ၎င်းတို့ငါးဦးမှ ရဲတပ်​ဖွဲ့ဝင်​ငါးဦးအား လုံး​ထွေး၍ ရဲကင်​းမှBA 94 (၂)​လက်​၊ (ကျည်​အိမ်​ကျည်​မပါ)နှင်​့ BA 63၁ လက်​၊ (ကျည်​အိမ်​တစ်​ခု ကျည်​ဆံ ၁၅ ​တောင်​့)တို့အားလုယူ၍ နယ်​စပ်​မှတ်​တိုင်​ ၄၃ ဘက်​သို့ထွက်​ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လက်​နက်​များ လုယူထွက်​​ပြေးသွားသူများအား နယ်​ခြား​​စောင့်​့ရဲတပ်​ဖွဲ့ဝင်​များက လိုက်​လံရှင်​းလင်​းလျက်​ရှိပြီး  ဘင်္ဂလား​ဒေ့ရှ်နိုင်​ငံ နယ်​ခြား​စောင့်​တပ်​သို့ ကူညီဖမ်​းဆီး​ပေးရန်​ အ​ကြောင်​းကြားထား​ကြောင်​းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly