သတင်းသမားများအား ဖမ်းဆီးထောင်ချမှုအတွက် တူရကီတွင် ပြင်းပြင်းထန်ထန် ဆန္ဒပြ

သတင်းသမားများအား ဖမ်းဆီးထောင်ချမှုအတွက် တူရကီတွင် ပြင်းပြင်းထန်ထန် ဆန္ဒပြ

မတ်လ ၁၁ ။             ။ တူရကီသတင်းသမားများနှင့် အတိုက်အခံအဖွဲ့မှ ဥပဒေပြဌာန်းသူများသည် ပြီးခဲ့သောစနေနေ့တွင် အီစတန်ဘူလ်မြို့၌ သတင်းထောက်များကို ဖမ်းဆီးထားမှုအား ဆန့်ကျင်၍ ဆန္ဒပြခဲ့ကြသည်။ သမ္မတ ရီဆပ်တေရစ်ပ်အာဒိုဂန်ကို ဆန့်ကျင်သည့် မအောင်မြင်သော အာဏာသိမ်းခဲ့မှုဖြစ်ရပ်အပြီး၌ သတင်းမီဒီယာ များအပေါ် ဖိနှိပ်မှုများ ရှိလာခဲ့သည်။

“ သတင်းပညာသည် ရာဇဝတ်မှုမဟုတ်” ၊ “ငါတို့ဒီအတိုင်း ငြိမ်နေမှာမဟုတ်ဘူး” ဟု သတင်းသမားများ လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေကို အလိုမရှိသော ဆန္ဒပြသူ ၅၀ခန့်က ဟစ်ကြွေးခဲ့ကြသည်။

“ထောင်ချခံထားရသည့် သတင်းသမားများဟာ အရေးပေါ်အခြေအနေမှာတောင် စာလွှာများလက်ခံခွင့် မရှိပါဘူး” ဟု အတိုက်အခံ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ၏ ဥပဒေပြဌာန်းသူ ဘာရစ်ယာခါဒက်စ် က ပြောခဲ့ သည်။

တူရကီနိုင်ငံသည် နယူးယောက်တိုင်းမ်၊ ဝေါလ်စတရိစ်ဂျာနယ်၊ ဒိုင်းဝယ့်လ် နှင့် ပြင်သစ်သတင်းဝက်ဘ်ဆိုက် လက်စ်ဂျောစ် သတင်းဌာနတို့မှ နိုင်ငံခြားသားသတင်းထောက်များကို နိုင်ငံမှနှင်ထုတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်း ခြင်းများ ပြုလုပ်ခဲ့သည်။

နယ်စီးမခြားသတင်းထောက်များအဖွဲ့က သတင်းသမားများနှင့် သတင်းပါ၀င်ရေးသားသူ ၁၀၀ကျော်မှာ ထောင်ချခံထားရသည်ဟု ပြီးခဲ့သော ဒီဇင်ဘာလကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားပြီး ၂၀၁၆ ခုနှစ်တွင် တူရကီနိုင်ငံ၌ သတင်းသမားများ အကျဉ်းချခံရမှု မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ တူရကီနိုင်ငံ၌ သတင်းထောက်များအား အကျဉ်းချထားမှုသည် ပြီးခဲ့သော ဂျူလိုင်လက ဖြစ်ပွားခဲ့သည့် မအောင်မြင်သော အာဏာသိမး်မှုအပြီး၌ ၂၂ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး ယခင်ကထက် လေးဆပိုမိုမြင့်တက်လာခဲ့ သည်ဟု” ယင်းအဖွဲ့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly