ကမ္ဘာမှာ အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားရေးကပ်ဘေးနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ သတိပေး

ကမ္ဘာမှာ အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားရေးကပ်ဘေးနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂ၊ မတ် ၁၁ ။          ။ ကမ္ဘာကြီးအနေနဲ့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးဝါးဆုံးသောလူသားချင်းစာနာထောက်ထားရေးကပ်ဘေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

နိုင်ငံလေးနိုင်ငံမှာ အစာရေစာရှားပါးမှုဘေးနဲ့ ဒုဗ္ဘိကန္တရကပ်ငတ်မွတ်ခြင်းဘေးကြီးနဲ့ ရင်ဆိုင်နေရတဲ့ လူပေါင်းက သန်း ၂၀ ကျော်ထက်မနည်းရှိနေတာနဲ့အတူ အဆိုးဆုံးကပ်ဘေးနဲ့
ရင်ဆိုင်နေခြင်းဖြစ်ကြောင်း သတိပေးလိုက်တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယား၊ ဆိုမာလီ၊ တောင်ဆူဒန်နဲ့ ယီမင် လေးနိုင်ငံအတွက် ငတ်မွတ်မှုကပ်ဘေးကို ကျော်လွှားနိုင်ရေး ဇူလိုင်လအထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံ အရေးပေါ်လိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးအကြီးအကဲဖြစ်တဲ့ စတီဗင်အိုဘရိန်းက မတ် ၁၀ ရက်မှာ တိုက်တွန်းပြောပါတယ်။

“ဒီလိုမှာ မဟုတ်ရင်တော့ လူပေါင်းများစွာဟာ ငတ်မွတ်ပြီး သေကျေကြရလိမ့်မယ်။ နိုင်ငံရေးအခြေအနေတွေလည်း ဆိုးဝါးလာရမှာဖြစ်တယ်။”လို့ ကုလသမဂ္ဂလုံခြံုရေးကောင်စီမှာ အိုဘရိန်းက ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်ပါတယ်။

“ကမ္ဘာကသာ ပူးပေါင်းအားထုတ်ခြင်း မရှိဘူးဆိုရင် လူတွေက အငတ်ဘေးမှာ အသက်ပေးရတော့မှာဖြစ်တယ်။ ရောဂါတွေ ခံစားရပြီး သေဆုံးရမယ်။ ကလေးတွေလည်း ကျောင်းကနေ ထွက်ရမယ်။ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားတော့မှာဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။

အဆိုးဆုံးကပ်ဘေးကြံုရတဲ့ နိုင်ငံအဖြစ် စစ်ပွဲဒဏ်သင့် ယီမင်နိုင်ငံဖြစ်ပြီး လူဦးရေရဲ့ သုံးပုံနှစ်ပုံ ၁၈ ဒဿမ ၈ သန်းဟာ အကူအညီတွေ လိုအပ်နေပြီး ပုံမှန်အစားအစာ စားသောက်ရခြင်း
မရှိတဲ့ဦးရေဟာလည်း ခုနစ်သန်းကျော်ထက်မနည်းရှိကြောင်း အိုဘရိန်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly