ဒမတ်စကပ်မြို့ဟောင်းမှာ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲ၍ လူ ၄၄ ဦး သေဆုံး

ဒမတ်စကပ်မြို့ဟောင်းမှာ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲ၍ လူ ၄၄ ဦး သေဆုံး

ဒမတ်စကပ်၊ မတ် ၁၁ ။            ။ ဆီးရီးယားနိုင်ငံရဲ့ ဒမတ်စကပ်မြို့ဟောင်းမှာ မတ် ၁၁ ရက်ကဗုံးခွဲမှုနှစ်ရပ်ဖြစ်ပွားပြီး လူ ၄၄ ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။

မြို့တော်ဒမတ်စကပ်ရဲ့ အချက်အချာကျရာ မြို့ဟောင်းအရပ်ကို အသေအပျောက်များတဲ့ တိုက်ခိုက်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားက မွတ်စလင်ဘုရားဖူးသူတွေ လာရောက်မှုများတဲ့ ရှီးယိုက်ဂူဗိမာန်တွေရှိဂာ ဘတ်အယ်ဆစ်ဂ်ဟာအရပ်မှာ ဘတ်စ်ကားတစ်စီး ဖြတ်သွားချိန် လမ်းဘေးဗုံးဖောက်ခွဲ ခံရတာဖြစ်ပြီး နောက်ထပ်ဗုံးပေါက်ကွဲမှုက အသေခံဗုံးခွဲသမားက သူ့ကိုယ်ကို ဖောက်ခွဲခဲ့တာဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေမှာ ရှီယိုက်မွတ်စလင်ဘုရားဖူးတစ်ချို့လည်း ပါဝင်ခဲ့ပါတယ်။

“ဒဏ်ရာရသူလည်း ဒါဇင်များစွာ ရှိနေတယ်။ တစ်ချို့ရဲ့ အခြေအနေက စိုးရိမ်ရတယ်။”လို့ စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲ ရာမီက အေအက်ဖ်ပီကို ပြောပါတယ်။

ရှီယိုက်ဂူဗိမာန်တွေကို အယ်ခိုင်ဒါနဲ့ အိုင်အက်စ်အဖွဲ့တွေရဲ့ ဆွန်နီအစွန်းရောက်တွေက မကြာခဏပစ်မှတ်ထားတိုက်ခိုက်တာဟာ ဆီးရီးယားမှာတင်မက အနီးက အီရတ်နိုင်ငံမှာလည်း ကြံုတွေ့နေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly