အိန္ဒိယအလယ်ပိုင်းတွင် မွိုက်စ်သူပုန်များ၏ တိုက်ခိုက်မှုကြောင့် လုံခြံုရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး

အိန္ဒိယအလယ်ပိုင်းတွင် မွိုက်စ်သူပုန်များ၏ တိုက်ခိုက်မှုကြောင့် လုံခြံုရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး

မတ် ၁၁ ။         ။ အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဝေးလံခေါင်ပါးသောအရပ်ဒေသတစ်ခု၌ မွိုက်စ် သူပုန်များဟု ယူဆရသော လက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်မှုကြောင့် ရဲတပ်သား ၁၁ ဦး ကျဆုံးသွားခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။

ရဲတပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို လက်နက်ကိုင်သူပုန်များက ခြံုခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ကျဆုံးသွားသော တပ်ဖွဲ့ဝင်များမှာ လမ်းဖောက်လုပ်ရေးဆိုဒ်တစ်ခုရှိ တာဝန်ကျလုပ်သားများကို လုံခြံုရေးရယူပေးရန် သွားရောက်ရာ လမ်းတွင် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း Chhattisgarh ပြည်နယ် ရဲအရာရှိတစ်ဦးက ပြောသည်။

" ဒီခြံုခိုတိုက်ခိုက်မှုမှာ လုံခြံုရေးတပ်သား ၁၁ ဦး ကျသွားပါတယ်၊ ဒါ မွိုက်စ်သူပုန်တွေ လုပ်ခဲ့တာပါ၊ အခြားသုံးဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်၊ သူတို့ကိုတော့ စစ်ရဟတ်ယာဉ်နဲ့ သွားကယ်ထားရပါတယ်" ဟု ၎င်းက ပြောသည်။

ဒေသံမျိုးနွယ်စုများအခွင့်အရေးအတွက် တိုက်ခိုက်နေသည်ဆိုသော အဆိုပါ မွိုက်စ်သူပုန်များမှာ မကြာခဏဆိုလို ဆက်ကြေးကောက်ခံမှုများ ပြုလုပ်နေခဲ့ပြီး ဒေသအာဏာပိုင် တပ်တို့နှင့်အကြား လူသေဆုံးစေသည့် တိုက်ခိုက်မှုဖြစ်စဉ်များလည်း ပေါ်ပေါက်နေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly