တူရကီတွင် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားပြီး ခုနစ်ဦး သေဆုံး

တူရကီတွင် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားပြီး ခုနစ်ဦး သေဆုံး

မတ် ၁၁ ။              ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့စွန်အရပ်တစ်ခုတွင် ယမန်နေ့က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့၍ ရုရှ နိုင်ငံသားလေးဦး အပါအဝင် စုစုပေါင်း ခုနစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရဟတ်ယာဉ်မှာ နှင်းများအုံ့ဆိုင်းနေ၍ မြင်ကွင်းမရှင်းလင်းဘဲ တယ်လီဗေးရှင်းတာဝါတိုင်တစ်ခုနှင့် တိုက်မိကာ ပျက်ကျသွားခဲ့သည်ဟု သိရသည်။

တူရကီကုမ္ပဏီတစ်ခုပိုင် အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် ရုရှနိုင်ငံသားလေးဦးအပါအဝင် တူရကီကုမ္ပဏီအမှုဆောင်တစ်ဦးတို့အပြင် ပိုင်းလော့နှစ်ဦး လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ်မှာ Ataturk လေဆိပ်မှ ထွက်ခွာပျံသန်းသွားပြီး Buyukcekmece ဒေသ အမြန်လမ်းမတစ်ခုပေါ်သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Vasip Sahin က ပြောသွားသည်။

အဆိုပါ ပျက်ကျ တူရကီလေယာဉ်ပေါ်တွင် ရုရှနိုင်ငံသား လေးဦး ပါ၀င်သွားကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags