ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုများကို ဟယ်ရီကိန်းနှင့် ဂွါဒီယိုလာတို့ ရရှိ

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုများကို ဟယ်ရီကိန်းနှင့် ဂွါဒီယိုလာတို့ ရရှိ

အင်္ဂလန်၊ မတ်(၁၁) ။          ။ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို စပါးတိုက်စစ်မှူးဟယ်ရီကိန်း၊ နည်းပြဆုကို မန်စီးတီးနည်းပြဂွါဒီယိုလာနှင့် အကောင်းဆုံးဆုကို အာဆင်နယ်ကို နိုင်သည့်ပွဲတွင် သွင်းယူခဲ့သော ဟက်ဇက်၏ဂိုးက ရရှိသွားခဲ့သည်။

စပါးတိုက်စစ်မှူးဟယ်ရီကိန်းသည် ဖေဖော်ဝါရီလအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲတွင် (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သောကြောင့် ဆုရခဲ့ခြင်းဖြစ်သည်။ မန်စီးတီးနည်းပြဂွါဒီယိုလာမှာလည်း ဖေဖော်ဝါရီလအတွင်း ကစားသည့်ပွဲစဉ်(၃)ပွဲလုံးကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်သောကြောင့် နာမည်ကြီးများဖြစ်သည့် မော်ရင်ဟို၊ ဂွါဒီယိုလာတို့ကို ကျော်ကာ ယင်းဆုကို ပထမဆုံးအကြိမ် ရရှိခဲ့့ခြင်း ဖြစ်သည်။

တစ်လတာအကောင်းဆုံးဂိုးဆုကို ရရှိခဲ့သည့်ဟက်ဇက်ကမူ အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် နိုင်သည့်ပွဲတွင် တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းခဲ့သည့်ဂိုးမှာ ၎င်း၏ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဂိုးများထဲတွင် တစ်ဂိုးအပါအဝင် ဖြစ်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly