နိုင်ငံတာဝန်ထမ်းဆောင်နေသော သူနာပြုများကို လိုင်စင် ထုတ်ပေးရန် တောင်းဆို

နိုင်ငံတာဝန်ထမ်းဆောင်နေသော သူနာပြုများကို လိုင်စင် ထုတ်ပေးရန် တောင်းဆို

ရန်ကုန်၊ မတ်လ ၁၀ ။            ။ သူနာပြုတက္ကသိုလ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှ ကျောင်းပြီးသောသူများကို ချက်ချင်း  လိုင်စင်ထုတ်ပေးရေးအတွက် မတ်လ (၁၀) ရက်နေ့တွင် သူနာပြုတက္ကသိုလ် ကျောင်းသားများကသမဂ္ဂ ကတောင်းဆိုလိုက်သည်။

လက်ရှိတွင် အဆိုပါလိုင်စင်ရရှိရေးအတွက် သူနာပြုတက္ကသိုလ်နှင့်သူနာပြု သားဖွားသင်တန်း ကျောင်းဆင်းများသည် ပြည်သူ့ဆေးရုံများတွင် သုံးနှစ်တာ တာဝန်ထမ်းဆောင်ကြရသည်။

"သုံးနှစ်ပြည့်မှ လိုင်စင်ပေးမယ်ဆိုရင် အစိုးရဝန်ထမ်းတွေက လစာတစ်သိန်းခြောက်သောင်းပဲရတယ်။ အဲ့တာနဲ့အခု ကုန်စျေးနှုန်းနဲ့ လုံးဝအဆင်မပြေဘူး။ ကျွန်တော်တို့ကို လိုင်စင်ကိုပဲ ချက်ချင်းထုတ်ပေးပါ" ဟု သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းကျော်လင်းကပြောသည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သူနာပြုတက္ကသိုလ်ကျောင်းများနှင့် သဘောတူစာချူပ် ချူပ်ဆိုထားသည့် စာချူပ်ကို ဖောက်ဖျက်သော သူနာပြုများကို ပုဂ္ဂလိကဆေးရုံများတွင် ခန့်အပ်တာဝန်မပေးရေးကိစ္စ ကိုလဲ ပြန်လည် ရုတ်သိမ်းပေးရန်တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly