အီတလီတွင် ဂုံးကျော်တံတားတစ်စင်း ပြိုကျ၍ နှစ်ဦး သေဆုံး

အီတလီတွင် ဂုံးကျော်တံတားတစ်စင်း ပြိုကျ၍ နှစ်ဦး သေဆုံး

မတ် ၁၀ ။            ။ အီတလီနိုင်ငံအလယ်ပိုင်းရှိ Ancona မြို့တွင် မတ်လ ၉ ရက်က ဂုံးကျော်တံတားတစ်စင်း ပြိုကျခဲ့ခြင်းကြောင့် လူနှစ်ဦး သေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းတံတားမှာ အမြန်လမ်းမကြီးတစ်ခုကို ကန့်လန့်ဖြတ်ကာ အပေါ်မှ သွယ်တန်းတည်ဆောက်ထားခြင်းဖြစ်ပြီး ပြိုကျချိန်တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်ကြောင်း သိရသည်။

ပြိုကျခဲ့သော အပိုင်းက အောက်ရှိ အမြန်လမ်းမပေါ်တွင် သွားလာနေသော ယာဉ်တစ်စီးပေါ်သို့ ပိမိခဲ့ခြင်း ဖြစ်ကာ ယာဉ်ပေါ်ပါ အီတလီ ဇနီးမောင်နှံ နှစ်ဦး အသက် ဆုံးရှုံးခဲ့ရသည်။

ယခုဖြစ်စဉ်ကြောင့် အသက် ၆၀ အရွယ် အမ်မီဒီယို ဒိုင်အိုမီဒီ နှင့် ဇနီးဖြစ်သူ အသက် ၅၄ နှစ်အရွယ် အန်တိုနယ်လာ ဗီဗီယန်နီတို့ သေဆုံးသွားခဲ့ရသည်။

တံတားပြိုကျခဲ့ရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်းနှင့် အခြေခံအဆောက်အအုံဝန်ကြီးဌာနကလည်း ယင်းဖြစ်စဉ်ကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေး အရာရှိများ   စေလွှတ်ထားကြောင်း ပြောကြားထားသည်။

ယခု ဖြစ်စဉ်မတိုင်ခင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ယင်းကဲ့သို့ တံတားတစ်စင်း ပြိုကျခဲ့မှုကြောင့် လူတစ်ဦး အသက်ဆုံးရှုံးထားရသည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly