မန္တ​လေးတိုင်​းအတွင်​း ၂၀၁၇ ခုနှစ်​ တက္ကသိုလ်​ဝင်​ စာ​မေးပွဲတွင်​ ၉၅.၀၇%​ ဝင်ရောက်ဖြေဆို

မန္တ​လေးတိုင်​းအတွင်​း ၂၀၁၇ ခုနှစ်​ တက္ကသိုလ်​ဝင်​ စာ​မေးပွဲတွင်​ ၉၅.၀၇%​ ဝင်ရောက်ဖြေဆို
ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ

မန္တလေး၊ မတ် ၁၀ ။             ။ ၂၀၁၆- ၂၀၁၇ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်​ဝင်​စာမေးပွဲများကို မတ်​လ ၈ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်း၌ တပြိုင်နက်တည်း ကျင်းပလျက်ရှိရာ မန္တ​လေးတိုင်​း​ဒေသကြီးအတွင်​း စာစစ်ဌာန ၁၈၀၌ ဖြေဆိုသူ ၉၅.၀၇ ရာခိုင်နှုန်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှသိရှိရသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်၊ (၂၈)မြို့နယ်​ရှိ စာစစ်ဋ္ဌာန (၁၈၀) တွင်​ စာရင်​းရှိစုစု​ပေါင်​း ကျောင်းသား (၁၀၅,၀၂၄)ဦးမှ ကျား (၄၃,၄၇၆) ဦး၊ မ (၅၆,၃၆၇)ဦး၊ စုစု​ပေါင်​း (၉၉၈၄၃) ဦး ဝင်ရောက်ဖြေခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက်​ ​ဆေးရုံတက်​​ရောက်​​ဖြေဆိုသူ ကျား (၂)ဦး၊ မ (၄)ဦး၊ စုစု​ပေါင်​း (၆) ဦး၊ အမြင်အာရုံချို့တဲ့သူ ကျား (၂)ဦး၊ မ (၁)ဦး၊ စုစု​ပေါင်​း (၃) ဦး၊ ဆွံ့အသူအကြားအာရုံချို့တဲ့သူ ​ကျား (၅)ဦး၊ မ (၃)ဦး၊ စုစု​ပေါင်​း (၈)ဦး၊ ကိုယ်​အင်္ဂါချို့တဲ့သူ ကျား (၂)ဦး၊ မ (၁)ဦး၊ စုစု​ပေါင်​း (၃) ဦး ပါဝင်သည်​။

တက္ကသိုလ်​ဝင်​စာ​မေးပွဲ ​ဖြေဆိုသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် သက်​ဆိုင်​ရာဌာနများမှ တာဝန်​ရှိသူများ၊ ပညာရေးမှူးနှင့် စာစစ်ဌာန ကြီးကြပ်​ရေးမှူး၊ လက်​​ထောက်​ကြီးကြပ်​​ရေးမှူးများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly